လွှတ်တော် ကိုယ်စားလှယ်ကို ဆန္ဒပြ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို တမံဆောက်လုပ်မယ့် ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ ၃၀၀ ကျော်က ဒီနေ့ ကျောက်ဖြူမြို့မှာ ဆန္ဒပြကြပါတယ်။

တမံဆောက်လုပ်မယ့် ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ဆန္ဒပြခဲ့စဉ် ဓာတ်ပုံ - မောင်ထွေးစံ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို တမံဆောက်လုပ်မယ့် ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ ၃၀၀ ကျော်က ဒီနေ့ ကျောက်ဖြူမြို့မှာ ဆန္ဒပြ ကြပါတယ်။

ကျောက်ဖြူမြို့က အမှတ် ၈ တိုက်နယ် မရဇိုက်းကျွန်းအတွက် အစိုးရက တာမံဆောက်လုပ်ဖို့ ချပေးတဲ့ ဘတ်ဂျက်ကို အမှတ် ၇ တိုက်နယ်အတွက် ရွှေ့ပြောင်းဆောင်ရွက်ဖို့ လွှတ်တော်မှာ တင်ပြခဲ့တာကြောင့် ဆန္ဒပြတာလို့ ဒေသခံ ဦးမောင်သန်းရွှေ က ပြောပါတယ်။

ဒီရေတား တာမံဟာ အမှတ် ၈ တိုက်နယ်မှာ စပါးစိုက်ပျိုးဖို့အတွက် အရေးတကြီး လိုအပ်နေပြီး အဲဒီတမံမဆောက် လုပ်ခဲ့ရင် လယ်သမား ၃၀၀ကျော် စိုက်ပျိုးထားတဲ့ လယ်တွေပျက်စီးသွားနိုင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကတော့ အဲဒီတမံဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြုပြင်ထားပြီးဖြစ်ပြီး ကွင်းဆင်းစစ်ဆေးတေ့ွရှိချက်တွေအရ ပျက်စီးမှုမရှိသေးတဲ့အကြောင်း လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စဆွေးနွေးစဉ် တင်ပြခဲ့တာလို့ RFA ကို ပြောပါတယ်။

ဦးကျော်လွင်ဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ် ၁ မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ANP ပါတီကနေ နုတ်ထွက်ထားတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org