တရုတ်ကုမ္ပဏီကို ကျောက်ဖြူဒေ သခံတွေ ဆန္ဒပြ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန် လည်ပြုပြင်ပေးဖို့ တရုတ် ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့ မှာ ဒေသခံ ၁၀၀ ကျော်က မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
-
2016-11-07 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ ကို ပြန်လည်ပြုပြင်ပေးဖို့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့မှာ ဒေသခံ ၁၀၀ ကျော်က မနေ့က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ နှုတ်ကတိပေးထားတာတွေရှိပေမယ့် လက်တွေ့မှာ ဘာမှလုပ်ဆောင်ပေးတာမရှိတဲ့အတွက် အခုလိုတောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကြည် ကြည်နှင်းကပြောပါတယ်။
"ကျမတို့ တောက်လျှောက်တောင်းလာတာကတော့ ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်ပြီးတော့ မူလပုံစံ အတိုင်း ပြန်ပြုပြင်ခိုင်းတာပါရှင့်၊ အဲဒါတွေကို ဖြေရှင်းမပေးတဲ့အပြင် ညှိနှိုင်းတဲ့နေရာတွေမှာ ညှိနှိုင်းတဲ့သဘောကို မဆောင်ဘဲ ဖိနှိပ်တဲ့အပိုင်းကိုပဲဆောင်နေတယ်၊ လယ်ယာတွေကို ပြန်လုပ်ပေးမယ်ဆိုပြီး နှုတ်ကတိနဲ့ပဲပြောနေ တယ်၊ ထူးပြီးတော့ ကျမတို့ကိုဆွေးနွေးတာလည်း မရှိဘူး"
ဆန္ဒပြသူတွေဟာ ပိုက်လိုင်းမြေယာမြေအရေးဖြေရှင်းပေး၊ CNPC ကုမ္ပဏီထွက်သွား၊ ဒေသခံတွေရဲ့ အခွင့်အရေး ကို လေးစားပါစတဲ့ စာတန်းတွေပါတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး CNPC ရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြတာဖြစ် ပါတယ်။
ဆန္ဒပြတောင်သူတွေဟာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်၊ အုန်းတော၊ လိပ်ခမော်စတဲ့ကျေးရွာတွေက ဖြစ်ပါတယ်။
မလကျွန်းကနေ မဒေးကျွန်းဘက်ကိုသွယ်တန်းထားတဲ့ ပိုက်လိုင်းကြောင့် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မိုးရာသီလောက် ကစပြီး ပိုက်လိုင်းဝဲယာမှာရှိတဲ့ လယ်ယာမြေတွေကို ရွှံ့နွံတွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တာပါ။
CNPC ကုမ္ပဏီက အဲဒီပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးတွေကို ၂၀၁၄ ခုနှစ်ထိပေးခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ သီးနှံလျော်ကြေးငွေပေးတာကို ရပ်ဆိုင်းခဲ့ပါတယ်။
အဲဒီနောက် CNPC ကုမ္ပဏီက လယ်ယာမြေတစ်ဧကကို ကျပ်သုံးသိန်းကျော်နဲ့ ၅ နှစ်စာအတွက် ၁၇ သိန်းကျော် ကို အပြီးသတ်တစ်ခါတည်းပေးပြီး အသင့်ပါလာတဲ့ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတာတွေရှိခဲ့တာကြောင့် တောင် သူ ၂၀ ကျော်က အဲဒီအစီအစဉ်ကို ငြင်းဆန်ပြီး လယ်ယာမြေတွေကိုသာ နဂိုအတိုင်းပြန်လည်ပြုပြင်ပေးဖို့ တောင်း ဆိုနေကြတာဖြစ်ပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် CNPC ရုံးရှေ့မှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဲဒီတောင်းဆိုချက်တွေနဲ့ပဲ မနေ့က ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒပြတောင်းဆိုကြ တာဖြစ်ပါတယ်။