ပြည်သူ့စစ်ဖွဲ့ပေးဖို့ ကျောက်ဖြူဒေသခံတွေ တောင်းဆို

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာနေထိုင်တဲ့ တိုင်းရင်း သားတွေ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပေး ဖို့ ကျောက်ဖြူဒေသခံတွေက ဒီနေ့ရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင်ထုတ်ပြန် ပြီး ပြည်နယ် အစိုးရအဖွဲ့ကိုတိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာနေထိုင်တဲ့ တိုင်းရင်းသားတွေ မိမိကိုယ်ကိုကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပေးဖို့ ကျောက်ဖြူဒေသခံတွေက ဒီနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ပြဿနာဖြစ်ပွားတဲ့နေရာတွေကိုလောက်ကိုပဲ လုံခြုံရေးပေးနိုင်ပြီး အဲဒီဒေသက တိုင်းရင်းသားတွေအားလုံးကို အကြမ်းဖက်မခံရအောင် ကာကွယ်မပေးနိုင်တဲ့အတွက် အခုလို တိုက်တွန်းတာလို့ ကျောက်ဖြူမြို့ခံ ဦးလှမျိုးကျော် ကပြောပါတယ်။

"၈ ရက်နေ့ကပဲ ပြည်နယ်အစိုးရ ကြေညာချက်တစ်စောင်ထုတ်တယ်၊ အဲဒီပတ်ဝန်းကျင် ၄ ရွာက ထွက်ပြေး လာတယ်၊ အဲ့မှာကင်းစခန်းချပေးထားတယ်၊ အဲ့မှာကျေးရွာပေါင်း မြောက်များစွာရှိတယ်၊ အဲ့ဒေသမှာနေ ထိုင်တဲ့သူတွေ အသက်အိုးအိမ်စည်းစိမ်ကာကွယ်အောင်ဆိုတဲ့ ရည်ရွယ်ချက်မပါဘူး၊ အဲဒီကြေညာချက်ကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ ဒီဘက်မှာ ထောက်ခံလို့မရဘူး၊ လိုအပ်တာကို လုံလုံလောက်လောက် မလုပ်ပေးဘူးဆိုတာပေါ်လွင်နေတယ်"

ကျောက်ဖြူမြို့မှာ ဒေသခံတွေ မနေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး အဲဒီက ဆုံးဖြတ်ချက်တွေကို ဒီနေ့ သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း အမြန်ဆုံးစိစစ်ပေးဖို့နဲ့ အကြမ်းဖက်သမားတွေရဲ့ အကျိုးစီးပွားအတွက် ပတ်သက်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျောက်ဖြူလူထုကနေ ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင်ဒေသနဲ့ ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်မပေးနိုင်လို့ဆိုပြီး အစိုးရကို ရှုတ်ချတဲ့ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကိုလည်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားဖို့ ကျောက်ဖြူမြို့ခံတွေက မနေ့ကအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org