ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း အပြီးသတ်ရွှေ့ပြောင်းရေး ထပ်မံဖိအားပေးခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အတွင်း မဖြစ်မနေပြောင်းပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းအား တွေ့ရစဉ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အတွင်း မဖြစ်မနေ ပြောင်းပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

စခန်းက ကော်မတီဝင်တွေကို ဧပြီလ ၂၀ ရက် မနေ့က ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး က ပြောဆိုတာလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကတော့ နေရာသစ်ကို မပြောင်းချင်တာကြောင့် စိတ်မကောင်းဖြစ်နေ ကြတယ်လို့ အမည်မဖော်လိုတဲ့ မွတ်စလင် ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ကတော့ မပြောင်းချင်ကြဘူး။ အခု အတင်းအဓမ္မပြောင်းခိုင်းတော့ အကုန်စိတ်မကောင်းဖြစ်နေကြတယ်။ အဲဒီမှာ နေအိမ်တွေလည်း ပျက်စီးနေပြီလေ။ လမ်းတွေ၊ စာသင်ကျောင်းတွေလည်း လုပ်လို့မပြီးသေးဘူး။ လျှပ်စစ်မီးရဖို့ အတွက်လည်း သုံးသိန်းကျော် ပေးရမယ်တဲ့ ဘယ်လိုမှ အဆင်သင့်မဖြစ်သေးဘူး”

အခု စစ်ကောင်စီက စီစဉ်ထားတဲ့ နေရာသစ်ဟာ မြို့နဲ့ သုံးမိုင်ကျော်ဝေးတာကြောင့် အလုပ်အကိုင်အဆင် မပြေတဲ့အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ အဲဒီစခန်းပိတ်သိမ်းဖို့အတွက် ဒုက္ခသည်တွေကို နေရာသစ်ကိုပြောင်းပေး ကြဖို့ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဖိအားပေးပြောဆိုခဲ့တာရှိပါတယ်။

ဒါပေမဲ့ ဥပုတ်လဖြစ်နေတာနဲ့ စခန်းမှာ ပြင်ဆင်စရာတွေရှိနေသေးတာကြောင့် မပြောင်းရွှေ့ခဲ့ရဘူးလို့လည်းဆို ပါတယ်။ အခု တကြိမ်မှာတော့ မပြောင်းမနေရ အတင်းဖိအားပေးနေတာလို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီက စီစဉ်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အဲဒီ ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု သုံးရာကျော်၊ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ခိုလှုံနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org