လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားတစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကံသုံးဆင့်ကျေးရွာမှာ ဒီနေ့မနက် ၁ နာရီလောက်မှာ ရွာထဲ လက်နည်ကြီးကျလို့ အိပ်ပျော်နေတဲ့ အသက် ၇၀ အရွယ် ဦးနီထွန်း လက်နက်ကြီးကျည်ထိမှန်ပြီး သွေးလွန်လို့ သေဆုံးခဲ့ပါတယ်။
-
2019-09-15 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကံသုံးဆင့်ကျေးရွာမှာ ဒီနေ့မနက် ၁ နာရီလောက်မှာ ရွာထဲ လက်နည်ကြီးကျလို့ အိပ်ပျော်နေတဲ့ အသက် ၇၀ အရွယ် ဦးနီထွန်း လက်နက်ကြီးကျည်ထိမှန်ပြီး သွေးလွန်လို့ သေဆုံးခဲ့ပါတယ်။
ဦးနီထွန်းခြေထောက်ကို ကျည်ထိမှန်တာကြောင့် အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ဖို့ စီစဉ်နေစဉ်မှာပဲ နေအိမ်မှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်က ပြောပါတယ်။
ကံသုံးဆင့်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့ ပစ်ခတ်သံတွေမကြားရဘဲ ဒီလက်နက်ကြီး ကျရောက်ပေါက်ကွဲ တာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီကျည်ကို ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာ မသိရဘူးလို့လည်း သူက ဆိုပါတယ်။
မနေ့ညကတော့ ကျောက်တော်မြို့နယ်အတွင်း သင်္ဂနက်ကျေးရွာနဲ့ စပါယ်လှကျေးရွာတွေအနီး ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလို့ ရွာတွေထဲ လက်နက်ကြီးကျပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညက သင်္ဂနက်ကျေးရွာအနီးမှာရှိတဲ့ တပ်ဖွဲ့တွေကို ရက္ခိုင့်တပ်တော် AA က လာရောက်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို အတည်ပြုပြောပေမယ့် ကံသုံးဆင့်ရွာထဲ လက်နက်ကြီးကျတဲ့ကိစ္စကိုတော့ သူ့အနေနဲ့ မသိဘူးလို့ ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)