ကျောက်တော် စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးခက်ခဲနေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်က မြို့တော်ခန်းမ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေဆီကို လက်ရှိ အလှူရှင်တွေလည်း မရောက်လာတော့ သလို အလုပ်အကိုင်လည်းမရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
- 2021-10-13
-
-
-
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်က မြို့တော်ခန်းမ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် တွေဆီကို လက်ရှိ အလှူရှင်တွေလည်း မရောက်လာတော့သလို အလုပ်အကိုင်လည်းမရှိတဲ့အတွက် စားဝတ် နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ် စိမ်းညှင်းဝ၊ မီးဝရွာနဲ့ ကျောက်တော်မြို့နယ်က တင်းမ၊ လောင်းရှည်၊ မာလာ၊ မျောက်တောင် စတဲ့ရွာတွေက ဒေသခံ စစ်ဘေးဒုက္ခသည် ၄၂၀ ကျော် ခိုလှုံနေတာပါ။
ခန်းမတစ်ခုတည်းမှာ ဒုက္ခသည်တွေအကုန်လုံး စုပြုံနေရတာကြောင့် နေထိုင်ရေးအတွက်လည်း တော်တော် လေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးဦးစိန်မောင်က RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်ကပေးတဲ့ တစ်ဦးကို ၁ ရက် ဆန်နို့ဆီဗူးနှစ်ဗူးကိုပဲ အားကိုးနေရပြီး အမျိုးသား အဝတ် အထည်တွေလိုအပ်တဲ့ အခက်အခဲလည်းရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်နေတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပေမယ့် စစ်ဘေးဒုက္ခသည်တွေရဲ့ မူလရွာတွေမှာ နေအိမ်တွေမီးရှို့ခံရတာ၊ ရွာအနားမှာ စစ်တပ်က စခန်းချထားတာနဲ့ မိုင်းအန္တရာယ်တွေ ရှိနေသေးတာကြောင့် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ စစ်ရေးပဋိ ပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ တစ်သိန်းကျော်ဟာ လက်ရှိအချိန်ထိ နေရပ်ကိုပြန်လို့မရသေးဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။