ANP ကိုယ်စားလှယ် ဦးကျော်လွင် ပြည်နယ် အစိုးရဝန်ကြီး တာဝန်ယူ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူလိုက်တာဟာ ဆင်းရဲတွင်းထဲ နစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်လိုတာကြောင့်ဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ ရခိုင်အမျိုသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် က ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တို့ကို ဧပြီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူလိုက်တာဟာ ဆင်းရဲတွင်းထဲနစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လိုတာကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေး ၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ ရခိုင်အမျိုသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ၅ ဦးနဲ့ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်တွေကို ကတိသစ္စာပြု အပြီးမှာ သူဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်နယ်အစိုးရမှာ ပါဝင်လိုက်သလဲဆိုတာကို ဦးကျော်လွင် က ပြောလိုက်တာဖြစ်ပါတယ်။

"ဒီနေ့ ကျနော်တို့ NLD ပါတီနဲ့ လက်တွဲဖို့ ကမ်းလှမ်းတာကို ဘာဖြစ်လို့လက်ခံလဲဆိုရင် NLD ပါတီရဲ့ ဦးတည်ချက်မှာလည်း ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်တယ်၊ ကျနော်တို့ ရခိုင်ပါတီရဲ့ မူဝါဒမှာလည်း ရခိုင်လူမျိုးတွေနဲ့ မျိုးနွယ်စုတွေအတွက် တိုးတက်ဖွံ့ဖြိုးရေးကို အဓိကဦးတည်ပြီးလုပ်မယ်ဆိုတဲ့ အဓိကဦးတည်ချက်ချင်း တူတဲ့အတွက်ကြောင့် ဆင်းရဲတွင်းနစ်နေတဲ့ ကျနော်တို့လူမျိုးတွေ အောက်ကျနောက် ကျဖြစ်နေတဲ့ဘဝက ကျနော်အခုတာဝန်ယူထားတဲ့ စိုက်ပျိုး၊ မွေးမြူရေး ဒီကဏ္ဍတွေက ကျနော်တို့လူမျိုးတွေ ကို မြှင့်ချင်လို့ ဦးတည်ချက်တူတာလေးကို ပူးပေါင်းလုပ်မယ်ဆိုပြီး ဒီတာဝန်ကို လက်ခံခြင်းဖြစ်ပါတယ်"

ANP ပါတီက ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် မရခဲ့တာကြောင့်အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုထားပေမယ့် NLD နဲ့ ANP ပါတီနှစ်ခုရဲ့ ဦးတည်ချက်ဟာ ရခိုင်ပြည်နယ် တိုးတက်ရေးဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ANP ပါတီရဲ့ ထုတ်ပြန်ကြေညာချက် နှစ်ခုဟာ ပါတီရဲ့ ထုတ်ပြန်ချက်အဆင့်သာဖြစ်ပြီး ပါတီရဲ့မူဝါဒ မဟုတ် တာကြောင့် ပါတီရဲ့မူဝါဒကို ချိုးဖောက်တာ မဟုတ်ဘူးလို့လည်း ဝန်ကြီးဦးကျော်လွင် က ပြောပါတယ်။ ပြည်နယ် အစိုးရအဖွဲ့မှာ ANP ပါတီရဲ့မူဝါဒအတိုင်း ရပ်တည်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရမှာ ဝန်ကြီးနေရာကို လက်ခံဖို့အတွက် ရမ်းဗြဲမြို့နယ်က မဲဆန္ဒရှင်အများစုက တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဦးကျော်လွင်ဟာ ရမ်းဗြဲမြို့နယ် ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ လည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org