ဦးကျော်မင်းဆွေကို ပုဒ်မ ၆၆(ဃ) စွဲဆိုထားတာ ပယ်ဖျက်ပေးဖို့ လျှောက်ထား
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့အမှုကို ပယ်ဖျက်ပေးဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။
-
2017-07-25 -
-
-
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ရဲ့အမှုကို ပယ်ဖျက်ပေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။
ပုဒ်မ ၆၆(ဃ) နဲ့ စွဲဆိုတာဟာ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ပယ်ဖျက်ပေးဖို့ လျှောက်ထားတာဖြစ် တယ်လို့ The Voice သတင်းစာတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးကျော်မင်းဆွေရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
"ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုထားတဲ့အမှုသည် တည်ဆဲဥပဒေတွေကို ဆန့်ကျင်ပြီးတော့မှ ဒီအမှုကိုချေဖျက်ပေး ဖို့လျှောက်ထားမှုဖြစ်ပါတယ်၊ ဒီလျှောက်ထားမှုကို ၁၀ နာရီ ၃၀ မှာ လျှောက်ထားခဲ့ပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ရုံးချိန်းမှာ ဗဟန်းမြို့နယ်တရားရုံးက ဦးကျော်မင်းဆွေရဲ့ အာမခံလျှောက်ထားချက်ကို ၈ ကြိမ်မြောက် ပယ်ချလိုက်တဲ့အပြင် တပ်မတော်ကလည်း ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ ထပ်မံတရားစွဲဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော် က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။