မရမ်းကုန်းမြို့နယ်က စစ်တပ်အရာရှိဟောင်းနဲ့ ဇနီး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ ၂ လမ်းသွယ်ထိပ်မှာ စစ်ကောင်စီတပ် ဗိုလ်မှူးဟောင်း ဦးကျော်မင်းသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောမွန်မြတ်တို့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဗိုလ်မှူးဟောင်း ဦးကျော်မင်းသန်းအား တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ ၂ လမ်းသွယ်ထိပ်မှာ စစ်ကောင်စီတပ် ဗိုလ်မှူးဟောင်း ဦးကျော်မင်းသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောမွန်မြတ်တို့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးက နှစ်ချက်။ အမျိုးသမီးက ထပြေးဖို့လုပ်တာနဲ့ နောက်တစ်ချက် ထပ်ပစ်ခံရတယ်။ အမျိုးသားက တော့တစ်ချက်တည်းနဲ့ ပွဲချင်းပြီးသွားတာ”

စစ်ကောင်စီတပ် အရာရှိဟောင်းနဲ့ ဇနီးဟာ ဈေးဝယ်ဖို့လုပ်နေချိန်မှာ ဘက်ထရီ စက်ဘီးစီးလာတဲ့ လူငယ်နှစ်ဦးက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ပြီးထွက်ပြေးသွားတာလို့ သူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး လမ်းတွေကို ပိတ်ဆို့ကာ တစ်နာရီနီးပါးကြာအောင် စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာလည်း မသိရသေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဒေါက်တိုင်တွေ၊ စစ်ကောင်စီတပ် အရာရှိတွေ၊ အရာရှိဟောင်းတွေနဲ့ သတင်းပေးအဖြစ် ဆောင်ရွက်သူတွေကို လက်နက်ကိုင်တော်လှန်သူတွေက ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org