မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၇ ကျင်းပ

ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေ အနေ ဦးမော့ထောင်မတ်နိုင်အောင် ကြိုးစားသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဇွန်လ ၆ ရက်နေ့ကစတင်ကျင်းပတဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၇ မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ ဦးမော့ထောင်မတ်နိုင်အောင် ကြိုးစားသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီနေ့ စတင်ကျင်းပတဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၇ မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအစိုးရသက်တမ်း ပထမတစ်နှစ်တာကာလအတွင်း နိုင်ငံရဲ့စီးပွားရေးအခြေအနေကို ဝန်ကြီးက Run Way မှာ ပြေးနေတဲ့ လေယာဉ်နဲ့ ဥပမာပေး ပြောကြားခဲ့ပြီး ဒီနှစ်မှာတော့ လေထဲကို ပြေးမယ့်နှစ်ဖြစ်ကြောင်းလည်း တင်စားခဲ့ပါတယ်။

ဖိုရမ်ကို ဒီကနေ့ တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေက အစိုးရရဲ့ စီးပွားရေးမူဝါဒ ရှင်းရှင်းလင်းလင်းမရှိတာ၊ ရင်းနှီးမြှုပ်နှံမှုလွယ်ကူမှုမရှိတာတွေကို အဓိက မေးမြန်းကြတယ်လို့လည်း သိရပါတယ်။

၂ ရက်ကြာကျင်းပမယ့် မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်ပေါင်း ၉၀၀ နီးပါး တက်ရောက်နေပြီး ပုဂ္ဂလိကကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အခြေခံအဆောက်အအုံ တိုးတက်ရေးနဲ့ အခွင့်အလမ်း၊ အထူးစီးပွားရေးဇုန်ကိစ္စရပ်တွေ ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org