တရုတ်ကြေးနီစီမံကိန်းမှာ အလုပ်သမားတွေ ဆန္ဒပြ
တရုတ်ပိုင် ဝမ်ပေါင်နဲ့ ယန်စီ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ အကောင် အထည်ဖော်နေတဲ့ စံပါယ်တောင်-ကြေးစင်တောင် ကြေးနီ စီမံကိန်းက ဒေသခံအလုပ်သမားတွေဟာ လုပ်ခလစာနဲ့ အခြားအခွင့်အရေးတွေကို အလုပ်သမားတွေကြား တန်းတူ ရရှိရေးအတွက် ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
-
2014-08-02 -
-
-
Your browser doesn’t support HTML5 audio
တရုတ်ပိုင် ဝမ်ပေါင်နဲ့ ယန်စီ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ အကောင်အထည်ဖော်နေတဲ့ စံပါယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်းက ဒေသခံအလုပ်သမားတွေဟာ လုပ်ခလစာနဲ့ အခြားအခွင့်အရေးတွေကို အလုပ်သမားတွေကြား တန်းတူရရှိရေးအတွက် ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒီစီမံကိန်းမှာ ပထမအသုတ်အဖြစ် နိုင်ငံအနှံ့က ဘွဲ့ရလူငယ်တွေကို တစ်လ အမေရိကန်ဒေါ်လာ ၃ ရာနဲ့ခန့်ထားပြီး၊ ဒုတိယအသုတ်အဖြစ် ဒေသခံဘွဲ့ရလူငယ်တွေကိုတော့ တစ်လ အမေရိကန်ဒေါ်လာ ၁၂၀ နဲ့ပဲ ခန့်မှာဖြစ်တဲ့အတွက် ဆန္ဒပြတောင်းဆိုတာလို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုသန်းလွင်က RFA ကိုပြောပါတယ်။
"အဓိကတောင်းဆိုတာက လုပ်ခလစာတိုးမြှင့်ရရှိရေးပါ၊ အလုပ်သမားအားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ အလုပ်သမားအကျိုး ခံစားခွင့်အပြည့်အဝရရှိရေးပါ၊ အရှေ့ကအပတ်စဉ် ၁ ကျတော့ နေရာထိုင်ခင်းတွေ အကုန်အပြည့်အစုံပေးပြီးတော့ ဒေါ်လာ ၃ဝဝ ပေးတာပဲ၊ ကျနော်တို့ အပတ်စဉ်ကျမှ ၁၂ဝ ပဲပေးမှာဆိုတော့ ဒီလိုကွာခြားချက်တွေရှိလို့ပါ"
အဲဒီစံပါယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းကနေ အရင်က တစ်ရက်ကို တန် ၇၀ ထုတ်လုပ်ခဲ့ပြီး အခုချိန်မှာတော့ ၂ ဆတိုး ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ ဒီအတွက်တစ်ရက်ကို အလုပ်သမား ၃ ဆိုင်းနဲ့ ၂၄ နာရီလုံး စီမံကိန်းလည်ပတ်နေတာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဖက်မှာလဲ ဒေသခံရွာသားတွေက ဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာ တောင်ကြည့်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
စံပါယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်း အလုပ်သမားတွေ အခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုသန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။