ကျောက်ဖြူမှာ လယ်ယာမြေဧက ၂၀၀ လောက် စစ်တပ်သိမ်းယူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စုမှာ ရဲတပ်ရင်းချထားမယ့် အစီအစဉ်အတွက် လယ်မြေဧကပေါင်း ၂၀၀ လောက်ကို သိမ်းယူလိုက်တယ်လို့ အုန်တောကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စုမှာ ရဲတပ်ရင်းချထားမယ့် အစီအစဉ်အတွက် လယ်မြေဧကပေါင်း ၂၀၀ လောက်ကို သိမ်းယူလိုက်တယ်လို့ အုန်တောကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီလယ်ယာမြေတွေဟာ လက်ရှိဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သိမ်းယူခဲ့တာလို့ အုန်းတောရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“လိုင်းဧရိယာပေ ၄ဝ အထိ တိုင်းထားတာ၊ ကျနော်တို့သွားလို့မရလို့ နွားတွေကိုလည်း တောင်တွေပေါ်မှာ သွားကျောင်းရတယ်၊ သူတို့တောင်တန်းကို အဲဒီလိုလုပ်လိုက်မယ်ဆို ကျနော်တို့မှာ မှီခိုစရာမရှိတော့ဘူး”

အခုလို သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး မြို့နယ် ရဲအရာရှိတွေက ကျေးရွာလူကြီးအချို့နဲ့ ဆွေးနွေးပြောကြားမှုရှိခဲ့တယ်လို့ သိရပေမယ့်  အခုဆိုရင် ရဲတပ်ရင်းဆောက်ဖို့အတွက် မြေနေရာတိုင်းတာနေတာကိုတော့ ကျေးရွာသားတွေကို အသိပေးတာမရှိဘူးလို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေအတွက် ပိုင်ဆိုင်မှုအလိုက် လျော်ကြေးတွေ ပေးသွားမှာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် အစိုးရအရာရှိတွေက RFA ကို ပြောဆိုပါတယ်။

အခုသိမ်းယူလိုက်တဲ့ မြေဧက ၂၀၀ ခန့်ဟာ အုန်းတောကျေးရွာနဲ့ ပြိုင်းဆိပ်ကေကျေးရွာက လယ်သမား ၁၀၀ နီးပါးခန့် ပိုင်ဆိုင်တာဖြစ်ပြီး ဥယျာဉ်ခြံမြေတွေနဲ့ နွားစားကျက်တွေ အများဆုံးပါဝင်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org