မြေယာအငြင်းပွားမှု တိုင်တန်းချက် အများဆုံးလို့ လူ့အခွင့်အရေးကော်မရှင်ပြော

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းပြီးတဲ့ နှစ်နှစ်ခွဲ ကာလအတွင်း ကော်မရှင်ထံကိုပေးပို့တဲ့ တိုင်စာတွေထဲ မှာ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်တန်းစာတွေ အများဆုံးပါဝင်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းမမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ရုံးကို တွေ့ရစဉ် photo: Myanmar National Human Rights Commission Facebook

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပြီးတဲ့ နှစ်နှစ်ခွဲကာလအတွင်း ကော်မရှင်ထံ ကိုပေးပို့တဲ့ တိုင်စာတွေထဲမှာ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်တန်းစာတွေ အများဆုံးပါဝင်တယ် လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြော ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက် ခဲ့တဲ့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က လွှတ်တော်အပြီးမှာ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်တွေကို အခုလိုပြန်လည်ဖြေကြား ခဲ့တာပါ။

"လက်ရှိ နှစ်နှစ်ခွဲအတွင်းမှာ ငါးထောင်ကျော်လောက် လက်ခံရရှိပါ တယ်၊ မြေယာအငြင်းပွားမှုတွေက အများဆုံးပဲ၊ မြေယာအငြင်းပွားမှုက အစိုးရဌာနတွေနဲ့ ဖြစ်တာရှိတယ်၊ တပ်မတော်နဲ့ ဖြစ်တာရှိတယ်၊ စီးပွားရေး အဖွဲ့အစည်းတွေ နဲ့ ဖြစ်တာရှိတယ်၊ ကျေးရွာသူကျေးရွာသားအချင်းချင်း ဖြစ်တာရှိတယ်၊ အုပ်ချုပ်ရေးမှူးတွေ နဲ့ ဖြစ်တာရှိတယ်၊ ဒီမြေယာအငြင်းပွားမှုကလည်း ဆိုရှယ်လစ်ခေတ်လောက်ကတည်းက ဖြစ်စဉ်တွေ အထိအောင် လာတိုင်ပါတယ်၊ အထူးသဖြင့်တော့ တပ်မတော်အစိုးရလက်ထက်က ဖြစ်စဉ်တွေကတော့ ပိုများပါတယ်၊ ဒါတွေကတော့ ကျနော်တို့ လက်လှမ်းမှီသလောက် ဆောင်ရွက်နိုင်တဲ့ အနေအထားရှိ ပါတယ်"

ဒါ့အပြင် ကော်မရှင်ထံရောက်ရှိလာတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနတွေက မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ လိုအပ်နေသေးတယ်လို့လည်း ဦးစစ်မြိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org