လမ်းမတော် အမှတ် (၃) အုပ်ချုပ်ရေးမှူး အသတ်ခံရ

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ဟာ၊ ဒီကနေ့ မနက် ၅ နာရီကျော်က ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

၂၀၂၁ မေလ ၁၈ ရက်နေ့က ပစ်သတ်ခံရတဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တွေ့ရစဉ် Photo: Citizen Journalist

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ဟာ၊ ဒီကနေ့ မနက် ၅ နာရီကျော်က ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြော ပါတယ်။

လမ်းမတော်မြို့နယ်၊ အမှတ် (၈) လမ်းကြားမှာ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ကို ဦးခေါင်းသေနတ်မှန်တဲ့ဒဏ်ရာနဲ့ ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးနေတာ တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ လမ်းမတော်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်စောစော ၅ နာရီခွဲကျော် အချိန်လောက်ကလည်း၊ လမ်းမတော် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုလား၊ တခြားပေါက်ကွဲမှု တစ်ခုခုလားဆိုတာကို RFA က သီးသန့်အတည်ပြုစုံစမ်းနိုင်ခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org