အခုနှစ်ရွေးကောက်ပွဲမှာ လေဆာ တံဆိပ်တုံးတွေ အသုံးပြုမည်

လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲ သမာမှုတွေကို ကာကွယ်တားဆီးဖို့ အတွက် လေဆာတံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဗဟိုအဆင့်ဆွေးနွးပွဲကို ရန်ကုန်မြို့ MiCasa ဟိုတယ်မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်စဉ် Photo:Kyaw Lwin Oo, Sann Maw Aung / RFA

လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုတွေကို ကာကွယ်တားဆီးဖို့အတွက် လေဆာ တံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ လူမှုအဖဲ့ွ အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ တေ့ွဆုံဆွေးနွေး ခဲ့ကြရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သရုပ်ပြဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့ ကိုယ်စားပြုမဲ စာရင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှာဆောင် ရွက်နေတဲ့ ကိုရဲအောင်က ပြောပါတယ်။

"ဒီနှစ်ထူးခြားချက်က လေဆာတံဆိပ်တုံးတွေ၊ အရင်တုန်းကလို ခြစ်ရတာမဟုတ်ဘူး ထုရ တာ၊ ပြန်ထွက်သွားပြီးရင် ဒီလူကနောက်တခါ မဲရုံထဲကိုလာပြီးတော့လုပ်လို့မရအောင် လက်သန်းမှာ လက်သည်းနီလေး ဆိုးပေးလိုက်တယ် အပြာရောင်လေး ရွေးကောက်ပွဲနေ့က တစ်ရက်ပဲဖြစ်တဲ့အတွက် ဒါကိုဖျက်ပြီးတော့ ပြန်လာပြီးတော့ နောက် တစ်ကြိမ်မဲပေးလို့ မရအောင်လို့ပေ့ါနော်၊ "

မဲပေးရေးအတွက် အသိပညာပေးဆောင်ရွက်ရာမှာ လူမှုအဖဲ့ွအစည်းတွေအနေနဲ့ အစိုးရနဲ့ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပယ်မဲတွေကို အထူးဂရုပြုဆောင်ရွက်ကြဖို့ တက်ရောက်လာတဲ့ လူမှုအဖဲ့ွအစည်းတွေက ဆွေးနွေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲကျင်းပချိန် ၅ လခန့်သာ ကျန်တော့တဲ့အတွက် လူမှုအဖဲ့ွအစည်းတွေအနေနဲ့ မဲပေးရေးအသိ ပညာပေးရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်နေပြီမို့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းမယ့် မဲပေးရေးလမ်းညွှန်စာအုပ်ကို အမြန်ဆုံးထုတ်ဝေဖို့ လိုအပ်တယ်လို့ ဒီကနေ့ တက်ရောက်လာသူတွေ က ဆွေးနွေးကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မဲစာရင်း စောင့်ကြည့်လေ့လာရေးဆောင် ရွက်နေတဲ့ လူမှုအဖဲ့ွအစည်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org