လားရှိုး ထောက်ပို့ တပ်ရင်း အနီး ပေါက်ကွဲမှု ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အမှတ် (၉) ရပ်ကွက် အတွင်းမှာရှိတဲ့အမှတ် (၆၂၆)ထောက်ပံံ့နှင့် ပို့ဆောင်ရေး တပ်ရင်း အရှေ့ဘက်မှာ မနေ့ ည (၇) နာရီ လောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အမှတ်(၉)ရပ်ကွက် အမှတ် (၆၂၆)ထောက်ပံံ့နှင့် ပို့ဆောင်ရေး တပ်ရင်း အရှေ့ဘက် မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာကိုတွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အမှတ် (၉) ရပ်ကွက် အတွင်းမှာရှိတဲ့အမှတ် (၆၂၆)ထောက်ပံံ့နှင့် ပို့ဆောင်ရေးတပ်ရင်း အရှေ့ဘက်မှာ ဒီကနေ့ ည (၇) နာရီ လောက်က  ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အနီးအနားက နေအိမ်တွေ တုန်ခါသွားတဲ့အထိ ပေါက်ကွဲအား ပြင်းထန်တယ်လို့ အနီးမှာရှိတဲ့ ဆိုင်ရှင်တွေ က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို တပ်ရင်းတပ်ဖွဲတွေ၊ စစ်တပ်က မိုင်းရှင်းလင်းရေးအဖွဲ့ တွေနဲ့မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့ပါတယ်။

ဒေသခံတွေကတော့ လက်လုပ်မိုင်းဖြစ်နိုင်တယ်လို့ ပြောကြပေမဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးတင်ဖေဝင်းကတော့ အခုပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့သာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org