လားရှိုး အကျဉ်းထောင်က လွတ်မြောက်လာသူများ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၃၄ ဦး အောက်တိုဘာ ၁၉ ရက်၊ မနေ့က ပြန်လည်လွတ်မြောက်လာကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေကို ၂၀၂၁၊ အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၃၄ ဦး အောက်တိုဘာ ၁၉ ရက်၊ မနေ့က ပြန်လည်လွတ်မြောက် လာကြပါတယ်။

သူတို့ဟာ မူဆယ်၊ လားရှိုး၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ မြို့တွေကဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ နဲ့ တရားရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ကတော့ ဘေးစီမံ ဥပဒေပုဒ်မ - ၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ နဲ့ တရားစွဲခံရပြီး အမိန့်ချခံထားရသူ အမျိုးသား ကိုးဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင် ၁၁ ဦး လွတ်မြောက်ခဲ့ ပါတယ်။

သီပေါအကျဉ်းထောင်ကတော့ မနေ့က ပြန်လွတ်လာသူ အမျိုးသား ငါးဦး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org