ရှမ်းမြောက်မှာ မဏ္ဍပ်တွေနဲ့ မပျော်ပါးကြပေမဲ့ ချောင်းတွေမှာ လူစည်ကား

2022.04.15
lashio-thingyan (1).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လူငယ်အချို့ မုန့်လုံးရေပေါ်လုံးနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (2).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ကလေးငယ်အချို့ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (3).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တစ်နေရာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (4).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လူငယ်အချို့ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (5).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လူငယ်အချို့ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (6).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ရေအေးချောင်းမှာ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (7).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ရေအေးချောင်းမှာ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (8).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လူငယ်အချို့ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

lashio-thingyan (9).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လူငယ်တွေ ရေကစားနေကြတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ အရင်လို ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်တွေ မရှိပေမဲ့ မိမိ နေအိမ်ရှေ့မှာပဲ ရေကစားနေကြသလို ရေအေးချောင်း၊ တောင်နောက်ချောင်း အပါအဝင် ချောင်းရှိတဲ့ နေရာတွေမှာ လူစည်ကားနေပါတယ်။

သင်္ကြန်ရက်မတိုင်ခင် စည်ကားနေတဲ့ မြို့ပေါ်နေရာတော်တော်များများမှာတော့ ခြောက်ကပ်နေပေမဲ့ အချို့နေရာတွေမှာတော့ မိသားစုလိုက် ဆိုင်ကယ်နဲ့ သင်္ကြန်လည်ပတ် နေကြသူတွေလည်း ရှိပါတယ်။

လူငယ်အချို့လည်း နေအိမ်တွေမှာ မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်နဲ့ သာကူကျိုချက်ပြီး စတုဒိသာကျွေးမွေးနေကြသလို ပရဟိတလူငယ်တွေကလည်း ဆန်၊ ဆီ စတဲ့ စားသောက်ကုန်တွေကို လိုက်လံဝေငှလှူဒါန်းနေကြပါတယ်။

ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ ၊ နောင်ချို ၊ နမ္မတူ စတဲ့ မြို့တွေလည်း အရင်လို ရေကစားမဏ္ဍပ်တွေ လုပ်တာမတွေ့ရဘဲ အများစုက သီပေါမြို့ ဒုဋ္ဌဝတီမြစ်ဘေးမှာ လာရောက်အပန်းဖြေနေကြတာကို တွေ့ရတယ်လို့ သီပေါမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တန့်ယန်းနဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့တွေမှာတော့ ရေကစားမဏ္ဍပ်တွေရှိပြီး ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။