ထွက်ပြေးလာသူ ၂ သောင်း တရုတ်အစိုးရ ခိုလှုံခွင့်ပေးထား

လတ်တလောဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံအတွင်း ထွက်ပြေးခိုလှုံလာသူ ဦးရေ ၂ သောင်းကျော်ရှိကြောင်း တရုတ်အစိုးရက ကြာသ ပတေးနေ့ မနေ့က ကြေညာလိုက်ပါတယ်။

လောက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ် Photo: Kan Tar/RFA

လတ်တလောဖြစ်ပွားခဲ့တဲ့ လောက်ကိုင်တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံအတွင်း ထွက်ပြေး ခိုလှုံလာသူ ဦးရေ ၂ သောင်းကျော်ရှိကြောင်း တရုတ်အစိုးရက ကြာသပတေးနေ့ မနေ့က ကြေညာလိုက်ပါတယ်။

အဲဒီ စစ်ပြေး ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ထားပါတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန အရာရှိက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစိုးရနဲ့ MNDAA တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲအတွင်း တရုတ်နိုင်ငံသား တစ်ဦး ဒဏ်ရာရပြီး တရုတ်လူမျိုးတွေပိုင်တဲ့  ပစ္စည်းတွေလည်း အများအပြား ဆုံးရှုံးခဲ့တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org