ကပ်ဘေးကာလ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြသူ သုံးဦး တရားစွဲခံရ
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ စက်တင်ဘာလ ၉ ရက် မနေ့က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၃ ဦး ဒီနေ့ ညနေပိုင်းက စစ်တွေမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ စွဲချက်တင် ခံရပါတယ်။
-
2020-09-10 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ စက်တင်ဘာလ ၉ ရက် မနေ့က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၃ ဦး ဒီနေ့ ညနေပိုင်းက စစ်တွေမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ စွဲချက်တင်ခံရပါတယ်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ကို ချုပ်ရမန် နှစ်ပတ်ယူသွားတယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုး က ပြောပါတယ်။
ပြည်နယ်အစိုးရအလို မရှိ၊ 4G အင်တာနက်ဖွင့်ပေးရေးနဲ့ စစ်တပ်ကို ထောက်ပြဝေဖန်တဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတဲ့ သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။
သူတို့ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ မှာ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နဲ့ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိရင် ကျူးလွန်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။