ခိုတောင်းကျွန်းအမှု စဉ်းစားဖွယ် အချက်များ ရှေ့နေအဖွဲ့ ထုတ်ပြန်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး ရဲ့အမှု အဆုံး သတ်အမိန့်ချရမှာ တရားသူကြီးအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို စုစည်းထားတဲ့ ၅၆ မျက်နှာပါ အစီရင် ခံစာကို အဲဒီအမှုမှာ လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်းကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ် Photo: BangKok Post

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး ရဲ့အမှု အဆုံးသတ်အမိန့်ချရမှာ တရားသူကြီးအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို စုစည်းထားတဲ့ ၅၆ မျက်နှာပါ အစီရင်ခံစာကို အဲဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာဟာ အမှုရင်ဆိုင်စဉ်တလျှောက် သက်သေတွေရဲ့ ထွက်ချက်တွေကို စုစည်းထားတာဖြစ်ပြီး စာမျက်နှာထောင်နဲ့ချီတဲ့ သက်သေထွက်ချက်မှတ်တမ်းတွေကို အနှစ်ချုပ်ထားတာဖြစ်ပါတယ်။ အစီရင်ခံစာ မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး ခေါ် ကိုဝင်းဇော်ထွန်းတို့ဟာ လူသတ်မှု ကျူးလွန်ခဲ့တာမဟုတ်ကြောင်းနဲ့ အမှုစစ်ဆေးစဉ်တလျှောက် လုပ်ထုံးလုပ်နည်းနဲ့ မညီခဲ့တာတွေကို ထောက်ပြထား တယ်လို့ သူတို့နှစ်ဦးရဲ့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဌ ဦးစိန်ဌေးက ပြောပါတယ်။

"ကျနော်တို့ DNA နဲ့ ပတ်သက်တဲ့ အကြောင်းအရာမှာ ဆိုလို့ရှိရင်လည်း DNA ယူတဲ့နည်းစနစ်တွေ လိုက် နာဆောင်ရွက်ရမယ့် နည်းလမ်းအဆင့်ဆင့်တွေကို မလုပ်ထားပါဘူး၊ ဒီမှုခင်းအသွားအလာနဲ့ ပတ်သက်ပြီးတော့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတဲ့အခါမှာ တကယ်အရေးပါတဲ့ အကြောင်းအရာတွေကို မသိမ်းခဲ့ဘူး၊ သို့မဟုတ် တရားရုံးကို မတင်ပြခဲ့ဘူးဆိုတဲ့ အကြောင်းအရာတွေ ထောက်ပြပါတယ်၊ ဥပမာဆိုလို့ရှိရင် သေဆုံးသူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ အဲဒါတွေကို မစစ်ဆေးထားဘူး၊ ခန္ဓာကိုယ်မှာလည်း DNA တွေ လိုက်မစစ်ထားဘူး၊ ဒါဘာကြောင့်လဲပေါ့၊ အမှန်က ဒါကအရေးကြီးတယ်ပေ့ါနော်"

ကိုဇော်လင်းနဲ့ ကိုဝေဖြိုး ခေါ် ကိုဇော်ထွန်းတို့ရဲ့အမှုကို လာမယ့် ဒီဇင်ဘာလမှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါ တယ်။ ရှေ့နေအဖွဲ့ဟာ ဒီအမှုနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး၊ အကောင်းဆုံးဆောင်ရွက်ခဲ့ကြတဲ့အတွက် အမှုနိုင်မယ်လို့ထင်မြင်ကြောင်းနဲ့ တကယ်လို့ အမှုမနိုင်ခဲ့ရင်လည်း ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်အထိ အယူခံဝင်မှာဖြစ်ကြောင်း ဦးစိန်ဌေးကပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဌ ဦးစိန်ဌေးကို မခက်မာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org