လောပိတမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲ

ကယားပြည်နယ် လွိုင်ကော်မြို့ နယ် လောပိတ အမှတ် (၁) ရေအား လျှပ်စစ်စီမံကိန်းက သိမ်းဆည်းခဲ့တဲ့ ယာနဲ့ခြံမြေ ဧက (၇ဝ) ကျော်ပေါ်မှာ ဒေသခံတောင်သူတွေ ဝင်ရောက်ရှင်းလင်း ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ ပါတယ်။

လောပိတ အမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းက သိမ်းဆည်းခဲ့တဲ့ ယာနဲ့ခြံမြေတွေကို ဒေသခံတောင်သူတွေ သြဂုတ်လ ၁၁ ရက်နေ့က ဝင်ရောက်ရှင်းလင်းစဉ် Photo: Nay Thwae/RFA

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောပိတ အမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းက သိမ်းဆည်းခဲ့တဲ့ ယာနဲ့ခြံမြေ ဧက (၇ဝ) ကျော်ပေါ်မှာ ဒေသခံတောင်သူတွေ ဝင်ရောက်ရှင်းလင်း ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။

တောင်ယာတွေအနေနဲ့ သူတို့လယ်မြေတွေကို ပြန်လိုချင်တဲ့အတွက် ထွန်တုံးတိုက်ပွဲလုပ်ရတာ ဖြစ်တယ်လို့ မြေ သိမ်းခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထားရု က ပြောပါတယ်။

"ကျနော်တို့ တောင်ယာတွေ ပြန်လိုချင်လို့ ထွန်တုံးတိုက်ပွဲလုပ်တာပါ၊ ၁၉၈၅ ခုနှစ်လောက်မှာ အမှတ် ၁ စီမံကိန်း နယ်မြေဆိုပြီး သိမ်းခံရတယ်၊ သိမ်းပြီးနောက်ပိုင်း ဒီနယ်မြေသွားတဝိုက်ကို သွားလာခွင့်မပေးဘူး။ မနက် ၆ ည ၆ ပဲ၊ ဟိုလမ်းကနေသွားရင် အသွားအပြန် ဟိုကြည့်ဒီကြည့် ကြည့်လို့မရဘူး၊ ဘာဖြစ်လို့လဲဆိုရင် စစ်တပ်ကလည်း ဒီနားမှာပဲထိုင်တယ်"

လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်ဝန်းကျင်က လောပိတကျေးရွာအုပ်စုမှာရှိတဲ့ လောကထု၊ ဆိုလစယ်၊ ၁ဝ မိုင် ကျေးရွာ သုံးရွာက ခြံနဲ့ယာမြေဧက ၇ဝ ကျော်ပေါ်မှာ အမှတ် ၁ ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ဧရိယာဆိုပြီး သိမ်းယူခဲ့တာဖြစ်ပါတယ်။

စီမံကိန်းကာလ ပြီးဆုံးသွားပြီဖြစ်ပေမဲ့ ယာမြေတွေကို ဒေသခံတွေဆီ ပြန်မပေးဘဲ ဝန်ထမ်းတွေက အဲ့ဒီ မြေတွေပေါ် မှာ စိုက်ပျိုးလုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

မြို့နယ်မြေစာရင်းဌာန တာဝန်ရှိသူတွေကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပေမယ့် ဖြေရှင်းပေးတာတွေ မရှိတဲ့အပြင် စီမံကိန်းဝန်ထမ်းတွေက ခြံနဲ့ယာမြေတွေပေါ်မှာ ဆက်ပြီးထွန်ယက်စိုက်ပျိုးနေ တာကြောင့် ဒေသခံတွေစုပေါင်းပြီး ထွန်းတုံးတိုက်ပွဲပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ထွန်တုံးတိုက်ပွဲကို လောကထု၊ ဆိုစလယ်နဲ့၁ဝ မိုင်ကျေးရွာက မြေသိမ်းခံ တောင်သူ ၃ဝ တို့ ပါဝင်ဆင်နွှဲ ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org