ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့သိရပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ၁၉ ယောက်နဲ့ သူတို့ကိုဝန်းရံကူညီ ပေး တဲ့သူ ၁ဝ ယောက်ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကိုပြောပါတယ်။

တောင်ငူ၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မြို့နယ်တွေမှာ တရားစွဲ ခံရတာလို့ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ အနေနဲ့ ပုဒ်မ ၁၈ ကိုလက်မခံတဲ့အတွက် တရားစွဲလို့အာမခံယူရမှာ၊ ရုံးချိန်းသွားရမှာလက်ခံမှာ မဟုတ်ပဲ သက်ဆိုင်ရာကဖမ်းရင်လိုက်သွားဖို့ဆုံးဖြတ် ထားတယ်လို့ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေမှာ အဓိကပြင်ဆင်ရမယ့် အချက် ၉ ချက်ရှိတယ်လို့ ကျောင်းသားတွေက ထောက်ပြ ထားပြီး၊ ဒီကိစ္စတွေကို တွေ့ဆုံဆွေးနွေးပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။

ကျောင်းသားတွေ တရားစွဲခံလိုက်ရအကြောင်းနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org