လော်ဝေါ်လူမျိုးအဖြစ် မှတ်ပုံတင်မှာ ထည့်သွင်းပေးဖို့ တောင်းဆို

ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေထဲ က လော်ဝေါ်လူမျိုးတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်းတွေမှာ လော်ဝေါ် လူမျိုးအမည်မှန်ကို ထည့်သွင်းပေးဖို့ လော်ဝေါ် စာပေနဲ့ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက ပြည်နယ်လွှတ်တော်ကော်မတီထံ တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ လော်ဝေါ်ရိုးရာစာပေယဉ်ကျေးမှုဗိမ္ဗာန်မှာ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ နဲ့ ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတို့ စက်တင်ဘာ ၁၂ ရက်နေ့ က တွေ့ဆုံကြစဉ်။ Photo: Kyaw Myo Min/ RFA

ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေထဲက လော်ဝေါ်လူမျိုးတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေမှာ လော်ဝေါ် လူမျိုးအမည်မှန်ကို ထည့်သွင်းပေးဖို့ လော်ဝေါ် စာပေနဲ့ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက ပြည်နယ် လွှတ်တော်ကော်မတီထံ တောင်းဆိုလိုက်ပါတယ်။

ဝိုင်းမော်မြို့ လော်ဝေါ်ရိုးရာ၊ စာပေယဉ်ကျေးမှု ဗိမ္ဗာန်မှာ ဒီကနေ့ တိုင်းရင်းသား လူမျိုးများအရေးဆိုင် ရာကေ်ာမတီ ၊ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမှု ဗဟို ကော်မတီတို့ တွေ့ဆုံပွဲမှာ နာယကတစ်ဦးဖြစ်တဲ့ ဦးဘီဟောင်းဇယ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ မူလအခွင့်အရေး ဆိုင်ရာကိစ္စတွေကို ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ပူးပေါင်းကူညီဆောင်ရွက် သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောပါတယ်။

လော်ဝေါ်တိုင်းရင်းသားတွေဟာ မှတ်ပုံတင် နဲ့ သန်းခေါင်စာရင်း လုပ်ကိုင်တဲ့အခါမှာ လဝက ဋ္ဌာနတာဝန်ရှိသူတွေ က လူမျိုး နေရာမှာ လော်ဝေါ်လူမျိုးအစား ကချင် လူမျိုးကိုသာ ထည့်သွင်းကြတာကြောင့် လော်ဝေါ်လူမျိုးအမည်မှန် ဖုံးကွယ်ခံထား ရသလိုဖြစ်နေတယ်လို့ တွေ့ဆုံပွဲ တက်ရောက်လာသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေထိုင်တဲ့ လော်ဝေါ်တိုင်းရင်းသား အရေအတွက် ခန့်မှန်းသုံးသိန်းဝန်းကျင်ရှိပြီး မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေမှာ လော်ဝေါ်အမည် မထည့်သွင်းတာတွေကြောင့် လက်ရှိမှာ လော်ဝေါ်လူဦးရေဟာ သုံးသောင်းခန့်သာ စာရင်းရှိနေတာဖြစ်ပါတယ်။

ကချင်ဆိုတဲ့ဝေါဟာရဟာ ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး စတဲ့ မျိုးနွယ်စု ခြောက်မျိုးကို ပေါင်း စည်းပြီး အားလုံးရဲ့ ဘုံအမည်အဖြစ် သတ်မှတ်ခေါ်ဝေါ်ခြင်းသာဖြစ်ပြီး မှတ်ပုံတင် နဲ့ သန်းခေါင်စာရင်းတွေမှာ သက်ဆိုင်ရာ မျိုးနွယ်စုအမည်မှန်ကိုသာ ထည့်သွင်းရမှာဖြစ်ပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေမှာ အစိုးရက လော်ဝေါ်စာပေသင်ကြားခွင့်ပြု လာတာကိုကြိုဆိုကြောင်းနဲ့ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လော်ဝေါ်တိုင်းရင်းသား လူမျိုးစုတွေ တက်ရောက်ခွင့် ရဖို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်း၊ ဗမာ၊ လီဆူ၊ ရဝမ် စတဲ့ တိုင်းရင်းသာရေးရာဝန်ကြီး လေးဦးတို့လည်း တက်ရောက် ခဲ့ပြီး လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမှု ဗဟိုကော် မတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org