ကျောင်းသားတွေအမှု ပယ်ဖျက်ပေးရေး တိုင်းတရား လွှတ်တော်ရုံးထံ တောင်းဆိုမည်

လက်ပံတန်း ကျောင်းသားသပိတ် စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ နဲ့ ဝန်းရံပြည်သူတွေကို စွဲဆိုထားတဲ့အမှုတွေကို ပယ်ဖျက်ပေး ဖို့အတွက် ကျောင်းသားတွေက ရှေ့နေ့ကနေတဆင့် ပဲခူး တိုင်းဒေသကြီး တရားလွှတ်တော်ထံ တင်ပြတောင်းဆိုသွား မယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့အတွက် ကျောင်းသားတွေက ရှေ့နေ့ကနေတဆင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် ထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ကျောင်သားအားလုံးနီးပါးက သူတို့ကိုယ်စား အမှုကိုချေဖျက်ပေးဖို့ တင်ပြနိုင်အောင် လက်မှတ်ရေးထိုးပေးထားတဲ့ အတွက် ဒီတစ်ပတ်အတွင်းမှာ ဆောင်ရွက်သွားမယ်လို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"ရှေ့နေကိုယ်စားလှယ် လွှဲစာရတဲ့အခါကျမှ အန်ကယ်တို့က ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို တင်လို့ရ တယ်၊ အမှုချေဖျက်ပေးဖို့အတွက် လျှောက်လွှာကိုတင်လို့ရတယ်၊ လိုက်ပါဆောင်ရွက်ပေးပါလို့ ရှေ့နေကို အပ်တယ်၊ ရှေ့နေကိုယ်စားလှယ်လွှဲစာက ဒီရှေ့နေကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်ပေါ့၊ ရှေ့နေကနေပြီးတော့ သူတို့ကိုယ်စား အမှုချေလို့ရတယ်၊ လုပ်လို့ရတယ် အဲ့သဘောမျိုးတွေ၊ ကလေးတွေက သဘောတူပြီးသား အန်ကယ့်ကို လက်မှတ်ထိုးပေးလိုက်ပြီ၊ အန်ကယ်တင်ဖို့ အစီအစဉ်ရှိပါတယ်"

အဲ့ဒီလျှောက်လွှာကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံပြီး ဥပဒေနဲ့အညီ အချက်ကျကျတင်ပြနိုင်မယ် ဆိုရင် အမှုတွဲအားလုံးပျက်သွားပြီး တရားစွဲဆိုခံထားရသူအားလုံး လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ ဦးလှမျိုးမြင့် က ပြောပါတယ်။

ကျောင်းသားတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲဟာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ထံ ရောက်ရှိနေတာကြောင့် အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ကို ရုံးချိန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ သာယာဝတီအကျဉ်းထောင် မှာ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၅၄ ယောက်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အာမခံနဲ့ တရားရင်ဆိုင်နေရ တဲ့ ကျောင်းသားအယောက် ၂၀ ကျော်ရှိပါတယ်။

ရှေ့နေ ဦးလှမျိုးမြင့်ကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org