လေးကေ့ကော်အနီး အမြှောက်ကုန်းက စစ်သားတစ်ယောက်သေ

လေးကေ့‌ကော်အနီး စစ်ကောင်စီတပ် နေရာယူထားတဲ့ အမြှောက်ကုန်းကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့တွေက ရင်ဆိုင်စောင့်ကြည့်နေကာ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ မနက်ပိုင်း က စစ်သားတစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်သားတချို့ကို တွေ့ရစဥ် Photo: Doo Pla Ya District

လေးကေ့‌ကော်အနီး စစ်ကောင်စီတပ် နေရာယူထားတဲ့ အမြှောက်ကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ရင်ဆိုင်စောင့်ကြည့်နေကာ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ မနက်ပိုင်းက စစ်သားတစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အမြှောက်ကုန်းက စစ်ကောင်စီတပ်သားတွေဟာ ရိက္ခာပြတ်တောက်နေလို့ ရေဆင်းခပ်ရာကနေ ပစ်ခတ် ခံလိုက်ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းမကြီးတွေမှာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး ဒီနေ့ နေ့လယ် ၁ နာရီ လောက်က လေးကေ့ကော် ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံနေတယ်လို့လည်း ပြောပါတယ်။

မေတာလင်းမြိုင်ရွာမှာ နေရာယူထားတဲ့ နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၃ က ဗိုလ်မှူး စောမုတ်သုန် တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

မနေ့ညပိုင်းက လေးကေ့ကော်မြို့သစ် အရှေ့ဘက်မှာရှိတဲ့ BGF ရဲ့ အင်ကြင်းမြိုင်ရွာက စစ်ကတုတ်ကုန်းကို KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားလိုက်ပြီလို့ ပြောပါတယ်။

အဲဒီလေးကေ့ကော် ဒေသတစ်ဝိုက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်ထောင် ဝန်းကျင်ဟာ ထိုင်းနိုင်ငံကို ရောက်နေပြီး ဒီနေ့မနက်ပိုင်းက နယ်စပ်ကမ်းကူးဂိတ်ကို ယာယီ ပိတ်ထား တာကြောင့် ကျန်တဲ့စစ်ဘေးဒုက္ခသည်တချို့ဟာ သောင်ရင်းမြစ်အနီးမှာပဲ နေကြရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org