ကုမ္ပဏီကားပျက်စီးမှု ယာဉ်မောင်းကို ပေးတဲ့ပြစ်ဒဏ်ပြင်ပေးဖို့ တောင်းဆိုမှု မအောင်မြင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက စီနိုဟိုက်ဒရို ကုမ္ပဏီလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ မြေတူးမြေဖို့တဲ့ ဘတ်ဟိုးကား ပျက်စီးသွားခဲ့တာနဲ့ ပတ်သက် လို့ ကုမ္ပဏီက ယဉ်မောင်းကို ချမှတ်တဲ့ ပြစ်ဒဏ်ပြင်းထန်လွန်းတာကို ပြန်လည်ပြင်ဆင်ပေးဖို့ အလုပ်သမားတွေက သွားရောက် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူးလို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို တွေ့ရစဉ် .

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက စီနိုဟိုက်ဒရို ကုမ္ပဏီလုပ်ငန်း ခွင်မှာ အသုံးပြုနေတဲ့ မြေတူးမြေဖို့တဲ့ ဘတ်ဟိုးကား ပျက်စီးသွားခဲ့တာနဲ့ ပတ်သက်လို့ ကုမ္ပဏီက ယဉ်မောင်းကို ချမှတ်တဲ့ ပြစ်ဒဏ်ပြင်းထန်လွန်းတာကို ပြန်လည်ပြင်ဆင်ပေးဖို့ အလုပ်သမားတွေက သွားရောက်တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူးလို့ သိရပါတယ်။

အလုပ်သမားကို နှစ်တိုးလစာမပေးဘဲ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်က များတဲ့အတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ စီနိုဟိုက်ဒရိုကုမ္ပဏီက စက်မောင်း ကိုကျော်မင်း ကပြောပါတယ်။

“ဖြစ်တာက စက်မောင်းရဲ့ ညံ့ဖျင်းမှုကြောင့်လည်း မဟုတ်ဘူး။ ကြီးကြပ်တွေလည်းသိရဲ့သားနဲ့ ရုံးက စက်မောင်းသူရဲ့ ပေါ့ဆမှုကြောင့်ဆိုပြီး ယူဆချက်နဲ့ ပြစ်ဒဏ်ပေးတယ်။ ဝန်ထမ်းက နှစ်နှစ်ပြည့်ရင် နှစ်တိုးပေးလေ့ရှိတာကို တစ်နှစ်တိတိ နှစ်တိုးမပေးတော့ဘူးဆိုပြီး ရပ်ဆိုင်းလိုက်တယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကုမ္ပဏီက တာဝန်ရှိသူတွေထံကို အလုပ်သမား ၁၀၀ ခန့်က ဒီနေ့ သွားရောက် ညှိနှိုင်းမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပြစ်ဒဏ်ပြင်ဆင်ရေး ကူညီဖြေရှင်းပေးဖို့အတွက် သတ္တုတွင်းအလုပ်သမားသမဂ္ဂအဖွဲ့ကို အကြောင်းကြားထား တယ်လို့လည်း ကိုကျော်မင်းကပြောပါတယ်။ စီနိုဟိုက်ဒရိုကုမ္ပဏီဟာ တရုတ် ဝမ်ပေါင်ကုမ္ပဏီ လက်အောက်ခံ တစ်ခုဖြစ်ပြီး မြန်မာအလုပ်သမားပေါင်း ရာနဲ့ချီပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org