ဟုမ္မလင်းမှာ ကုန်တင်ရေယာဉ် နစ်မြုပ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မုက္ကလိကျေးရွာအုပ်စု ငေါက်စားကျေးရွာ နားမှာ မုံရွာမြို့ကနေ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းကျေးရွာကို ပြေးဆွဲနေတဲ့ လင်းလင်းအောင် ကုန်တင်ရေယာဉ်ဟာ ဒီနေ့မနက်မှာ နစ်မြုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ငေါက်စားကျေးရွာနားမှာ နစ်မြုပ်သွားတဲ့ လင်းလင်းအောင် ကုန်တင်ရေယာဉ်ကို နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - ကိုမော့ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မုက္ကလိကျေးရွာအုပ်စု ငေါက်စားကျေးရွာနားမှာ မုံရွာမြို့ကနေ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းကျေးရွာကို ပြေးဆွဲနေတဲ့ လင်းလင်းအောင် ကုန်တင်ရေယာဉ်ဟာ ဒီနေ့မနက်မှာ နစ်မြုပ်ခဲ့ပါတယ်။

အဲဒီကုန်တင်ရေယာဉ်ဟာ ရေအောက်မှာရှိတဲ့ သောင်ပေါ်တင်မိရာကနေ စောင်းပြီးနစ်သွားတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

"ဖြစ်တာက သောင်တင်ပြီးတော့ စောင်းသွားပြီးတော့ နစ်သွားတဲ့သဘော၊ ရေဝင်သွားတဲ့သဘော၊ ရေက တိမ်တော့ မော်တော်က ထိုးတက်ပြီးတော့ စောင်းသွားပြီး ရေဝင်သွားတဲ့သဘော။ အဲဒီမှာ ဒီဇယ်ပေပါတို့ တင်ထားတယ်လေ။ မော်တော်သမားတွေ ငါးယောက်ပဲပါတယ်။ ဘာမှမဖြစ်ပါဘူး။"

အမြန်ရေယာဉ်ဟာ ချင်းတွင်းမြစ်နဲ့ ဥရုချောင်းဆုံရာနေရာ မှောက်ကားကျေးရွာနားမှာ တိမ်းမှောက်ခဲ့တာဖြစ် ပါတယ်။ ရေယာဉ်ပေါ်မှာ စက်လှေမော်တော် အလုပ်သမား ၅ ယောက်ပါပေမယ့် အသက်ဘေးအန္တရာယ် မရှိဘူးလို့လည်း ပြောပါတယ်။

စက်လှေပေါ်မှာ ဆန်အိတ် ၁၂၀၊ ဒီဇယ်ပေပါ ၂၆၀ ခန့်နဲ့ သံပိုက်လုံးတွေကို တင်ဆောင်လာတာ ဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေကို ပရဟိတအဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာရောက်ကူညီ သယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org