ကိုထင်ကျော်နဲ့ ၂ ဦးကို လွတ်ပေးဖို့ ဒေသခံများ ဆန္ဒပြ

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေး ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာချိန် သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်က ဒေသခံ ၃၀ ကျော်လောက်က ကိုထင်ကျော်နဲ့ အဖွဲ့ဝင် ၂ ဦးကို လွှတ်ပေးဖို့ တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ဇွန်လ ၄ ရက်နေ့က ပုဒ်မ ၁၈ နဲ့ ကျောက် တံတား မြို့နယ်တရားရုံးက ပြစ်ဒဏ် ချမှတ် အပြီး တွေ့ရစဉ် Photo: Kyaw Zaw Win / RFA

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှား မှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာချိန် သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်က ဒေသခံ ၃၀ ကျော်လောက်က ကိုထင်ကျော်နဲ့ အဖွဲ့ဝင် ၂ ဦးကို လွှတ်ပေးဖို့ တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။

ဆန္ဒပြတောင်းဆိုခဲ့တဲ့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာနေထိုင်သူ ဒေါ်စိန်ထွေးက အခုလို ပြောပါတယ်။

"ဝန်ထမ်းတွေရဲ့ ခြစားမှုတွေကို ဖော်ထုတ်ပေးတဲ့ ကိုထင်ကျော်အပါအဝင် ၂ ဦးနဲ့ တခြားကိုယ်ကျိုးမဖက် အများအတွက်ကို ဆောင်ရွက်ပေးတဲ့ နိုင်ငံရေး သမားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆို ပါတယ်"

ကိုထင်ကျော်ကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က တောင် ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးမှာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေနေစဉ် တောင် ဥက္ကလာပမြို့နယ် ရဲစခန်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် ၁၁ မြို့နယ် က ရဲစခန်းတွေကလည်း ပုဒ်မ ၅ဝ၅(ခ) နဲ့ ကိုထင်ကျော်ကို အမှုဖွင့်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org