ထားဝယ်-ကန်ချနာပူရီလမ်း စီမံကိန်း ဒေသခံတွေ ပိတ်ဆို့
ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့ သဗြုချောင်း နဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေ ယာလျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတွေနဲ့ ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။
-
2013-09-17 -
-
-
ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အေဝးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့ သဗြုချောင်းနဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေယာလျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတေွနဲ့ ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ြပီး ဒီကနေ့မနက်ပိုင်းက ထားဝယ်ြမို့ ဆန်းချီရပ်ကွက်မှာရှိတဲ့ ထားဝယ်ဖွံ့ြဖိုးတိုးတက်ရေးအဖွဲ့ရုံးခန်းမှာ ဒေသခံတွေစုပေါင်းဖွဲ့စည်းထားတဲ့ "လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ဖွံ့ြဖိုးတိုးတက်ရေးကော်မတီ" က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
စီမံကိန်းအတွက် မြေတွေဆုံးရံှုးခဲ့တဲ့ ထားဝယ်ခရိုင် မေတ္တာ၊ ကလက်ကြီး၊ ရေပုတ်၊ ကထောင်းနီစတဲ့ ကျေးရွာ ၇ ရွာက ရွာသား ၈ဝ လောက်ဟာ မြေလျော်ကြေးမရသေးတာကြောင့် ရွာသားတွေပူးပေါင်းြပီး စီမံကိန်းကားတွေသွားမရအောင် ြပီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပိတ်ဆို့လိုက်တာပါ။
ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ၊ ထိုင်းကုမ္ပဏီက ၂ဝ၁၁ ခုနစ်ကစြပီး ထားဝယ်ဒေသခံတွေအတွက် လျော်ကြေးတွေပေးထားြပီး ဖြစ်ပေမယ့် ဒီလမ်းပိတ်ဆို့ထားတဲ့ ကျေးရွာ ၇ ရွာက ဒေသခံ ၈ဝ လောက်ကတော့ လျော်ကြေးငွေမရသေးဘူးလို့ သိရပါတယ်။
အခုလို လမ်းပိတ်ထားတာဟာ ၃ ြကိမ်မြောက်ရိြှပီလို့သိရြပီး လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ ပျဉ်းသားတောရွာမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။ ကန်ချနပူရီကနေ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအထိ ကားလမ်းအရှည်ဟာ မိုင် ၁ဝဝ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။