ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းဂျာနယ်များ သီးသန့်မေးမြန်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးခွင့် ရဖို့ ပြည်တွင်းဂျာနယ်တချို့ စောင့်ဆိုင်းနေကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာချိန်တုန်းက သတင်းတွေကို ဓာတ်ပုံတွေနဲ့တကွ ထည့်သွင်းဖော်ပြမိလို့ ခေတ္တအပိတ်ခံရတဲ့ ဂျာနယ်တွေကို အရင်ဦးဆုံး တွေ့ဆုံမေးမြန်းခွင့် ပေးနေတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကိုပြောဆိုပါတယ်။
-
2010-12-14 -
-
-
Your browser doesn’t support HTML5 audio
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့တဲ့ ဂျာနယ်တွေထဲက ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်က သူတို့ အယ်ဒီတာအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေ မေးမြန်းခဲ့သလဲဆိုတာ ပြောပြပါတယ်။
“ကျွန်တော်တို့ စိတ်ကူးထဲ ရှိတာလေးတွေ ကျွန်တော် စုံအောင်တော့ မေးပါတယ်ခင်ဗျ။ အဲ ဥပမာဆိုရင်တော့ပေါ့ဗျာ၊ ကျွန်တော်တို့ အခုအခါမှာ ပြောဆိုနေကြတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပေါ့နော်၊ နောက်တော့ ကျွန်တော်တို့ ဒီ NLD အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လို အလုပ်တွေနဲ့ ဘာတွေ လုပ်ကိုင်တယ် စသဖြင့်ပေါ့ဗျာ၊ ဒါလေးတွေ မေးတာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မေးမြန်းခွင့်ရခဲ့တဲ့ ဂျာနယ်တွေကတော့ ပြည်သူ့ခေတ် ဂျာနယ်နဲ့ ဗီးနပ်စ်ဂျာနယ်တို့ ဖြစ်ကြောင်း သိရပါတယ်။
ပြည်သူ့ခေတ် ဂျာနယ်အယ်ဒီတာချုပ် ဆရာဖေမြင့်ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင် မေးမြန်းပြီး အသေးစိတ် တင်ပြထားပါတယ်။
ပြည်သူ့ခေတ်ဂျာနယ်၏ ပြောကြားချက် |
|
အသံဖိုင်ယူရန် |