ပစ်ခတ်မှု ၂၈ လပြည့် ဆန္ဒပြပွဲ လက်ပံတောင်းနဲ့ ရန်ကုန်မှာ ကျင်းပ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သံဃာနဲ့ ပြည် သူတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့ဖြစ်ရပ် ၂၈ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့နဲ့ လက်ပံတောင်းတောင်ဒေသမှာ မတ်လ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲခံရမှု ၂၈ လပြည့် အထိမ်းအမှတ် ဒီမိုကရေစီအင်အားစုက မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒပြစဉ် Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ ကြတဲ့ သံဃာနဲ့ ပြည်သူတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ ခဲ့တဲ့ဖြစ်ရပ် ၂၈ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ နဲ့ လက်ပံတောင်းတောင်ဒေသမှာ မတ်လ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဝမ်ပေါင်ကုမ္ပဏီထွက်သွား ဆိုတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသလို၊ ရန်ကုန်မှာလည်း ဆန္ဒပြ ပွဲကို သိမ်ကြီးဈေးအနီးမှာ ပြုလုပ်ခဲ့တာပါ၊ ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပါတယ်။

လက်ပံတောင်းက ဆန္ဒပြပွဲကို လက်နက်ကိုင် ရဲအင်အား အလုံးအရင်းနဲ့ တားမြစ်ခဲ့သလို၊ ရန်ကုန် ဆန္ဒပြပွဲကိုလည်း ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org