လက်ပံတောင်းမှာ တရုတ် ကုမ္ပဏီ ဒေါ်လာ တစ်သန်းသုံးစွဲဖို့ စစ်တမ်းကောက်
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှာပါနေတဲ့ ရွာပေါင်း ၂၆ ရွာဖွဲ့ဖြိုးရေးအတွက် တရုတ်ဝမ်ပေါင်ကုမ္ပဏီက နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ သန်း သုံးစွဲမယ်ဆိုတဲ့အစီအစဉ်အတွက် ဒေသခံ ရွာသားတွေရဲ့ ပိုင်ဆိုင်မှု၊ အလုပ်အကိုင်နဲ့ ဝင်ငွေတွေကို ကွင်းဆင်းပြီး စစ်တမ်းကောက်ယူနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
-
2014-10-22 -
-
-
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာပါနေတဲ့ ရွာပေါင်း ၂၆ ရွာ ဖွဲ့ဖြိုးရေးအတွက် တရုတ်ဝမ်ပေါင် ကုမ္ပဏီက နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ သန်း သုံးစွဲမယ်ဆိုတဲ့အစီအစဉ်အတွက် ဒေသခံရွာသားတွေ ရဲ့ ပိုင်ဆိုင်မှု၊ အလုပ်အကိုင်နဲ့ ဝင်ငွေတွေကို ကွင်းဆင်း ပြီး စစ်တမ်းကောက်ယူနေတယ်လို့ စုံစမ်းသိရှိရ ပါတယ်။
ဒီနေ့မှာတော့ ဝမ်ပေါင်ကုမ္ပဏီကငှါးထားတဲ့ ဆက်ဆံရေးအဖွဲ့က တုံရွာမကို ရောက်လာပြီး စာရင်းကောက်နေတာလို့ ရွာသား ကိုမင်းမင်းက RFA ကိုပြောပါတယ်။
"ဒီနှစ်စာရင်းကောက်တာကတော့ ဒီနှစ်ပိုင်းကိုသဘောက စီမံကိန်းကြောင့် အမှန်တကယ်ထိခိုက် နစ်နာနေတဲ့ ကျနော်တို့ဒေသကို လာစာရင်းကောက်နေတာခင်ဗျ၊ ဝမ်ပေါင်ကုမ္ပဏီက ဒေသခံတွေကို ကျနော်တို့ဒေသအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကို ဒေသခံပြည်သူလူထုကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ ကျနော်တို့ဒေသကိုချပေးမယ်ဆိုပြီးတော့ လာပြီးတော့ ကျနော်တို့ဒေသကို လွှဲပေးနေတယ်ခင်ဗျ"
ဒီနေ့ စစ်တမ်းကောက်မှုမှာ ရွာသားတွေက သူတို့အနေနဲ့ လျော်ကြေးမယူရတဲ့အကြောင်းထဲမှာ ကုမ္ပဏီ ကပေးတဲ့ငွေက ကာလပေါက်ဈေးထက် နည်းနေတဲ့အတွက်ဆိုတာကိုလဲ ထည့်သွင်းပြောဆိုကြတယ်လို့သိ ရပါတယ်။ ဒါ့အပြင် ရွာသားတွေအနေနဲ့ ဆုံးရှှုံးနစ်နာနေတဲ့ မြေယာလျော်ကြေးကိစ္စကသာ အဓိကဖြစ်ပြီး ၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုတာ ဒုတိယဖြစ်တယ်လို့ပြောပါတယ်။
ဒီနေ့စစ်တမ်းကောက်ယူမှုမှာ ၁၅ အိမ်လောက်ပဲ ကောက်ခံနိုင်ခဲ့တယ်လို့သိရပါတယ်။ ကုမ္ပဏီဘက်ကတော့ ဒီစစ်တမ်းကောက်တာကို လာမယ့် ၂၀၁၅ မှာ အပြီးသတ်ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။