၂ဝ၁၅ မြန်မာ့အခြေ အနေ ဟောပြောပွဲ ဝါရှင်တန်မှာ ကျင်းပ

၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တကယ် အထောက်အကူပြုမယ့်နှစ် ဟုတ်မဟုတ် ဆိုတဲ့ခေါင်းစဉ် နဲ့ ဟောပြောပွဲတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က National Endowment for Democracy ( NED ) အဖွဲ့ရဲ့ရုံးချုပ်မှာ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ တစ်ဦးဖြစ်သူ မဇင်မာအောင် က ကြာသပတေးနေ့က ဟောပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က National Endowment for Democracy ( NED )ရုံးချုပ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့က မဇင်မာအောင် ဟောပြောခဲ့စဉ်

၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် တကယ်အထောက်အကူပြု မယ့်နှစ် ဟုတ်မဟုတ် ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲ တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က National Endowment for Democracy ( NED ) အဖွဲ့ရဲ့ရုံးချုပ်မှာ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ တစ်ဦးဖြစ်သူ မဇင်မာအောင်က ကြာသပတေးနေ့က ဟောပြောခဲ့ ပါတယ်။

အဲ့ဒီဟောပြောပွဲမှာ မဇင်မာအောင်က ဒီနှစ်မှာကျင်းပ မယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးဘာသာ၊သာသနာ ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံရေးမှာ ခုတုံးလုပ်အသုံးချနေ တာတွေ ပပျောက်အောင်ဆောင်ရွက်ဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုအပ်တယ်၊ ဒီအချက်တွေကို အစိုးရအနေနဲ့ဆောင်ရွက်မှ ၂ဝ၁၅ ဟာတကယ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မယ့်နှစ် ဟုတ် မဟုတ်ဆိုတာ တိုင်းတာလို့ရမယ်လို့ မဇင်မာအောင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေပပျောက်ဖို့၊  ပညာရေးစနစ် ကောင်းအောင် တည်ဆောက် ဖို့၊ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေကြား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌါန်းခွင့်အတွက် ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့လိုအပ်တဲ့ အကြောင်းတွေကိုလည်း မဇင်မာအောင်က ထည့်သွင်းဟောပြောခဲ့ပါတယ်။

ဟောပြောပွဲကို အမေရိကန်နိုင်ငံခြားရေးဌါနက ပုဂ္ဂိုလ်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာက သင်တန်းသားတွေနဲ့ လေ့လာသူ စုစုပေါင်း တစ်ရာကျော် တက်ရောက်ကြပါတယ်။

ဝါရှင်တန်ဒီစီက NED ရုံးမှာ မြန်မာ့အရေးဟောပြောခဲ့တဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက မဇင်မာအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းခဲ့တာနားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org