မန္တလေးမြို့မှာ မဘသအဖွဲ့ဝင် သုံးသောင်းကျော် အောင်ပွဲခံ အင်အားပြ

မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး မန္တလေးတိုင်း အတွင်းမှာရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ မဘသအဖွဲ့ဝင် သုံးသောင်းကျော်တို့က စီတန်းလှည့်လည်ပြီး ပြုလုပ်ခဲ့ ပါတယ်။

မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး စီတန်းလှည့်လည်ကြစဉ် Photo: Hset Paing Toe/RFA

မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ မဘသအဖွဲ့ဝင် သုံးသောင်းကျော်တို့က စီတန်းလှည့်လည်ပြီး ပြုလုပ်ခဲ့ပါတယ်။

အခုလို တိုင်းနဲ့ပြည်နယ်တွေမှာ အောင်ပွဲခံပြီး အင်အားပြရတာဟာ မျိုးစောင့်ဥပဒေကို ဖျက်ဆီးလိုသူတွေရဲ့ အန္တရာယ်ကင်းဝေးစေဖို့ ဖြစ်တယ်လို့ ဆရာတော်ဦးဝီရသူ ကမိန့်ပါတယ်။

"အဓိကကတော့ အနှစ်နှစ်အလလက တောင့်တခဲ့တဲ့ အိမ်မက်ကြီး အကောင်အထည်ဖော်လာလို့ ဝမ်းမြောက် ဝမ်းသာ အောင်ပွဲခံတဲ့သဘောပါပဲ၊ ဒီလိုအင်အားပြရတာဟာ မျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သားတိုင်း သံဃာထု၊ သီလရှင်ထုအားလုံးက တခဲနက်ထောက်ခံတယ်ဆိုတာကို ကမ္ဘာကြီးသိစေချင်လို့ပါ၊ အဲ့လိုအင်အားကို သိသွားမှသာရင် မျိုးစောင့်ဥပဒေကို ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တရာယ်တွေ ကင်းသွားမှာဖြစ်ပါတယ်"

ပြည်ထောင်စုလွှတ်တော်က လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ၄ ရပ်ကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။

အလားတူ မျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေ၊ စစ်ကိုင်း၊ ပဲခူးနဲ့ မော်လမြိုင်မြို့တွေမှာ ပြုလုပ်ခဲ့ပြီး ကျန်မြို့ကြီးတွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရီ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org