ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်မှုအပေါ် ဝမ်းသာ ဂုဏ်ယူကြောင်း မဘသ အဖွဲ့ ပြောကြား
အမျိုးုဘာသာ သာသနာကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့က ရွေးကောက်ပွဲ ငြိမ်းချမ်း စွာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့မှုအတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
-
2015-11-13 -
-
-
Your browser doesn’t support HTML5 audio
အမျိုးုဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့မှု အတွက် ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြန်ပြောဆို လိုက်ပါတယ်။ မဘသအဖွဲ့ ဥက္ကဌ အရှင်တိလောကာ ဘိဝံသက အခုလို ပြည်သူတွေ လွတ်လပ်စွာ မဲပေးခွင့်ရခဲ့တာကို ဝမ်းသာ သလို နိုင်သင့်နိုင်ထိုက်သူတွေ အနိုင်ရခဲ့တာဟာလည်း ဝမ်းသာဂုဏ်ယူစရာဖြစ်ကြောင်း RFA ကို ဒီကနေ့ မိန့်ကြားခဲ့ပါတယ်။
"ပြည်သူ့ဆန္ဒနဲ့ အညီ လွတ်လွတ်လပ်လပ်ပွင့်လင်းမြင်သာစွာ၊ နိုင်သင့်၊ နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဆရာတော်တို့က ဝမ်းမြောက်ဂုဏ်ယူတယ်၊ ကြိုဆိုတယ်၊ နောက်တစ်ချက်က ဒီလိုငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ပြည်သူ့ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ရအောင် နိုင်သင့်၊ နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပြည်သူ့ဆန္ဒနဲ့ အညီနိုင်အောင် ရွေးကောက် ပွဲကြီးအေးအေးချမ်းချမ်းပြီးဆုံးအောင် စီစဉ်ပေးတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုလည်း ဆရာတော်တို့ကကျေးဇူး တင်တယ်၊ ဝမ်းမြောက်ဂုဏ်ယူတယ်"
ရန်ကုန်တိုင်း အင်းစိန်မြို့ရှိ ရွာမပရိယတ္တိစာသင်တိုက်မှာ RFA က မေးမြန်း လျှောက်ထားစဉ် ဆရာတော် အရှင် တိလောကာဘိဝံသက အခုလိုမိန့်ကြား ခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် လာမယ့်အစိုးရအဖွဲ့ခေါင်းဆောင်သစ်တွေအနေနဲ့ တိုင်းပြည်နဲ့လူမျိုးအရေးကို ဦးထိပ်ထားဖို့လည်း ဆရာတော်က တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။
"ဆရာတော်တို့ကတော့ ဘယ်သူပဲတက်တက် လက်ခံကြိုဆိုပါတယ်၊ သို့သော်နိုင်ငံကိုဦးဆောင်မယ့် ပုဂ္ဂိုလ်သည် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ မျက်နှာကိုတော့ အဓိကကြည့်ပါ၊ ဒါကိုအဓိကပြောချင် ပါတယ်"
တဆက်တည်းမှာပဲ တိုင်းပြည်ကို ဦးဆောင်မယ့်သူတွေက ကျန်တဲ့သူတွေကို လက်တွဲဖို့နဲ့ ကျန်သူတွေကလည်း အမြင်ကြည်ကြည်နဲ့ လိုက်ပါဆောင်ရွက်ကြပါလို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
မဘသဥက္ကဌဆရာတော် အရှင်တိလောကာဘိဝံသနဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။