စီမံကိန်း ၃ ခုကြောင့် လယ်ယာမြေဆုံးရှုံးသူတွေ ဆန္ဒပြ
မကွေးတိုင်းအတွင်း မြစ်ရေတင်စီမံကိန်း၊ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်း၊ ပြည်တွင်းသုံး ဂက်စ်ပိုက်လိုင်း စီမံကိန်းတွေကြောင့် အမှန်တကယ် လယ်ယာမြေဆုံးရှုံးသွားတဲ့ တောင်သူတွေက လျော်ကြေးနစ်နာကြေး ရရှိဖို့ဆိုပြီး တောင်သူ ၂၀၀ လောက်က မကွေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2018-10-07 -
-
-
မကွေးတိုင်းအတွင်း မြစ်ရေတင်စီမံကိန်း၊ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်း၊ ပြည်တွင်းသုံးဂက်စ်ပိုက်လိုင်း စီမံကိန်းတွေကြောင့် အမှန်တကယ် လယ်ယာမြေဆုံးရှုံးသွားတဲ့ တောင်သူတွေက လျော်ကြေးနစ်နာကြေး ရရှိဖို့ဆိုပြီး တောင်သူ ၂၀၀ လောက်က မကွေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
မြစ်ရေတင်စီမံကိန်းကြောင့် မြေယာဆုံးရှုံးပျက်စီးသွားတဲ့ မကွေးမြို့နယ် ထုံးပေါက်တော (ဒဘောက်တော) ရွာသူ မအေးမြို့ က ပြောပါတယ်။
"၂၀၀၁ ခုနှစ်လောက်ကပေါ့၊ စပြီးတော့ မြောင်းတူးဖော်တယ်၊ မြစ်ရေတင်စီမံကိန်းဆိုပြီးတော့ တူးဖော်တာ၊ လုပ်စားတဲ့မြေက ပဲမြေ နှမ်းမြေဖြစ်ပြီးတော့ သူတို့က စပါးစိုက်ဖို့အတွက်ဆိုပြီးတော့တူးတယ်၊ ဒါပေမဲ့ သူတို့ပြောသလို စပါးလည်းစိုက်လို့ မရခဲ့ပါဘူး၊ ရေလည်း တကယ့်တကယ်တော့ မရောက်ပါဘူး၊ မြောင်းတွေ တူးတာ သူများတွေမှာ နစ်နာကြေးရတယ်လို့ပြောတယ်၊ ကျမတို့ဆီမှာတော့ မရပါဘူး"
၂၀၀၁ ခုနှစ်ဝန်းကျင်က မကွေးမြို့နယ်မှာ တည်ဆောက်တဲ့ သဖန်းဆိပ်မြစ်ရေတင်စီမံကိန်း၊ ၂၀၀၇ ခုနှစ်လောက်က ရေနံချောင်း-ချောက်မြို့နယ်တွေကနေ ရှမ်းပြည်ကို ဆက်ထားတဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ၂၀၁၂ ဝန်းကျင်က ဖောက်လုပ်တဲ့ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်းတွေကြောင့် လယ်ယာမြေဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲမှာ မကွေးမြို့နယ်နဲ့ နတ်မောက်မြို့နယ်က တောင်သူတွေ ပါဝင်ခဲ့ပါတယ်။