မြေယာကော်မတီတွေရဲ့ သုံးသပ်ချက်မှာ လွှတ်တော်နဲ့ လယ်သမားတွေ သဘောထား ချန်လှပ်ခံရ


2016.11.05

မကွေးတိုင်းဒေသကြီးက မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီတွေ တင်ပြတဲ့ မြေယာသိမ်းဆည်းမှုဆိုင်ရာ သုံးသပ်ချက်တွေမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ လယ်သမားတွေ ရဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို ချန်ထားခဲ့တာ တွေ့ရတယ်လို့ တိုင်းအဆင့် ကော်မတီဝင်က ပြောပါတယ်။

အဲဒီမြို့နယ် မြေစစ်ကော်မတီတွေရဲ့ သုံးသပ်ချက်တွေဟာ ဥပဒေနဲ့ မညီတာတွေ တွေ့ရှိရတဲ့အတွက် ပြန်လည် စိစစ်ဖို့ ဆုံးဖြတ်ပေးလိုက်တယ်လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံ ရမှု ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောပါတယ်။

"မြို့နယ်မြေစစ်ကော်မတီက တင်လာတာတွေကို ကျနော်တို့က ဆုံးဖြတ်ပေးရတာကိုး၊ မြို့နယ်မြေ စစ်တွေမှာပါတဲ့ တောင်သူလယ်သမားကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်တွေကို အစည်းအဝေးမဖိတ်ဘဲနဲ့ မြို့နယ်ထွေအုပ်နဲ့ မြို့နယ်မြေစာရင်းလောက်ကပဲ ဒါတွေကို ဒါတွေကို ဆုံးဖြတ်တာ စစ်ဆေးတွေ့ရှိရတယ်၊ လွှတ်တော်အမတ်တွေအပါဝင် တောင်သူကိုယ်စား လှယ်တွေကို ပြန်ခေါ်ပြီးကာမှ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အမှုတွေကို ပြန်စစ်ဖို့ ပြန်ချပေး လိုက်တယ်"

လွှတ်တော်ကိုယ်စားလှယ်နဲ့ လယ်သမားတွေရဲ့ ဆွေးနွေးချက်တွေကို ချန်လှပ်ထားတဲ့ မြို့နယ် ကော်မတီ ၅ ခုကတော့ ငဖဲမြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ ဂန့်ဂေါနဲ့ ရေနံချောင်းမြို့နယ်တို့ ဖြစ်ပါတယ်။

မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ မြေယာသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တောင်သူကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းထားရမှာဖြစ်ပြီး သူတို့တွေကိုပါ အစည်းအဝေးတွေမှာ ခေါ်ယူဆွေးနွေးရမှာဖြစ်ပါတယ်။

ဒါပေမယ့် မကွေးတိုင်းအဆင့် ကော်မတီကို တင်လာတဲ့ သုံးသပ်ချက်တွေကို မြေစာရင်းဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေကပဲ ဆုံးဖြတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့နယ်တွေက တင်လာတဲ့ သုံးသပ်ချက်တွေကို လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်တင်ပေး ဖို့ ဆုံးဖြတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။