မကွေးထွေအုပ်ဝန်ထမ်း ၃၀ နီးပါး CDM လှုပ်ရှားမှုကြောင့် တာဝန်ရပ်စဲခံရ

မကွေးတိုင်း အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း အယောက် ၃၀ နီးပါးဟာ စစ်အစိုးရ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် တာဝန်အသီးသီးကနေ ယာယီ ရပ်စဲခံထားရကြောင်း အမိန့်စာထုတ်ခံထားရတယ်လို့ ကာယကံရှင် ဝန်ထမ်းတွေက ပြောပါတယ်။

စစ်အစိုးရ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတခု။ Photo: RFA

မကွေးတိုင်း အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း အယောက် ၃၀ နီးပါးဟာ စစ်အစိုးရ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် တာဝန်အသီးသီးကနေ ယာယီ ရပ်စဲခံထားရကြောင်း အမိန့်စာထုတ်ခံထားရတယ်လို့ ကာယကံရှင် ဝန်ထမ်းတွေက ပြောပါတယ်။

မကွေးတိုင်းထဲက တောင်းတွင်း၊ ပွင့်ဖြူ၊ နတ်မောက်၊ အောင်လံ၊ မြိုင်၊ ထီးလင်း စတဲ့မြို့နယ်တွေက အထွေထွေအုပ်ချုပ်ရေးဌာနဝန်ထမ်းတွေဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ဌာနဆိုင်ရာအသီးသီးတို့က အာဏာဖီဆန်ရေး CDM မှာ ပါဝင်နေကြလို့ ဖမ်းဆီးထိန်းသိမ်းတာတွေ အရေးယူတာတွေရှိနေပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းခွင် တာဝန်တွေက ပျက်ကွက်နေကြတာကို ထိထိရောက်ရောက် တားဆီးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို မူလတာဝန်ရာထူး တည်မြဲဖို့ ဥပဒေနဲ့အညီ ကာကွယ်ပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org