အထိန်းသိမ်းခံ သံဃာ ၅ ပါး မည်သူမျှ တွေ့ခွင့်မရ

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မဟာသန္တိသုခကျောင်း ဆရာတော်တွေအတွက် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ ထောင်ဝင်စာ ပစ္စည်းအထုပ်တွေ ကို တွေ့ရစဉ် Phooto: 88 Facebook

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ ဒီနေ့ ထောင်ဝင်စာ သွားတွေ့ရာမှာ တွေ့ခွင့်ပိတ်ထားတာ သိခဲ့ရတယ်လို့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက  ပြောပါတယ်။

"အထုပ်ပါဆယ်သွားပို့ပေးတာ၊ ရဲတွေကပြောပါတယ်၊ ဆရာတော်တွေကို လတ်တလောမှာ စစ်ဆေးဆဲကာလဖြစ်တဲ့အတွက်ကြောင့်မို့ အထုပ်ထောင်ဝင်စာ ၁ လ ပိတ်ထားပါတယ်တဲ့"

မဟာသန္တိသုခကျောင်းတိုက်က ပီနန်ဆရာတော်ရဲ့ လက်ထောက်ဆရာတော် ဦးဥတ္တရ (အင်္ဂလန်) နဲ့ သံဃာ ၄ ပါးကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ လူဝတ်လဲပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

သံဃာ ၅ ပါးအတွက် အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပို့ဆောင်ရာမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေအပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့ည သန်းခေါင်အချိန်မှာ မဟာသန္တိသုခကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော်အပါး ၂၀ ကျော်ကို ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ဝင်ရောက်ဖမ်းဆီးပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့တာဖြစ် ပါတယ်။ အဲဒီသံဃာတွေဟာ မဟာသန္တိသုခကျောင်းတိုက်မှာ ခေတ္တသီတင်းသုံးနေတဲ့ အာဂန္တုတွေဖြစ်ကြောင်း ပီနန်ဆရာတော်ကြီးက အာအက်ဖ်အေကို မိန့်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org