ဒီမိုကရေစီရဖို့ ဒို့တာဝန်အရေးသုံးပါး လက်ကိုင်ထားရမယ်လို့ စစ်ခေါင်းဆောင်ပြော

ဒီမိုကရေစီရဖို့ ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားပြီး တပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားအဖွဲ့တွေကို အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်

ဒီမိုကရေစီရဖို့ ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားပြီး တပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်း သားအဖွဲ့တွေကို အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောလိုက်တာပါ။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးဟာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့စဉ်ကလည်း တပ်မတော်ဟာ ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားဆွေးနွေးခဲ့တာကြောင့် ဆွေးနွေးမှုတွေ မပြေလည်ခဲ့ပါဘူး။

တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သယံဇာတခွဲဝေခွင့်တွေကို လိုလားနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org