မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ မလေးရှားပြော
သူ့ရဲ့ သုံးရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း India Today Global သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
-
RFA Burmese
2024-08-23 -
-
-
လာမယ့်နှစ် ၂၀၂၅ မှာ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ရေးနဲ့ မြန်မာနိုင်ငံက အကျပ်အတည်းတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းရေးတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ သုံးရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း India Today Global သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ကာလရှည်ကြာ အကျပ်အတည်းကိုဖြေရှင်းဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေအတည်ပြုခဲ့တဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေပြုလုပ်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးဆောင်ရွက်မှုတွေမှာ အခက်အခဲတွေရှိပေမယ့် အာဆီယံအနေနဲ့ ဒီကိစ္စကိုဖြေရှင်းရာမှာ ဆက်လက်ပါဝင်ဆောင်ရွက်ရမယ်လို့ အန်ဝါအီဘရာဟင်ကပြောခဲ့ပါတယ်။