အာဆီယံသဘာပတိရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ဖို့ မလေးရှားစီစဉ်

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေရှာဖွေရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ အထူးသံအရာရှိက သက်ဆိုင်သူအားလုံးကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Datuk Mohamad Alamin အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ Datuk Mohamad Alamin/ Facebook

မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘာပတိရဲ့ အထူးသံတမန် ခန့်အပ်ဖို့ နောက်ဆုံးအဆင့်ရောက်နေပြီလို့ မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Datuk Mohamad Alamin က နိုဝင်ဘာလ ၇ ရက်နေ့က ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေရှာဖွေရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ အထူးသံအရာရှိက သက်ဆိုင်သူအားလုံးကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် အာဆီယံသဘာပတိအဖြစ်ဦးဆောင်မယ့် မလေးရှားက မြန်မာ့ပဋိပက္ခနဲ့ပတ်သက်ပြီး ဒေသတွင်းခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ်က သဘောတူညီခဲ့တဲ့ အချက် ငါးချက်ကို အကောင်အထည်ဖော်အောင် ဦးဆောင်ကြိုးပမ်းဖို့ တာဝန်ရှိနေပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ပြင်ပဆွေးနွေးဖက်တွေ၊ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ဘက်စုံသုံးချဉ်းကပ်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရေရှည်တည်တံ့တဲ့အဖြေရှာဖွေဖို့ တရုတ်နဲ့ အိန္ဒိယတို့နဲ့လည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org