မြန်မာနိုင်ငံက လူကုန်ကူးဂိုဏ်းနဲ့ဆက်စပ်ပြီး မလေးရှား ဒု-ဝန်ကြီးဟောင်းကို စစ်ဆေး

ရဲက ဒီအမှုကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

၂ဝ၂ဝ ပြည့်နှစ်က ကွာလာလမ်ပူတွင် ကျင်းပသည့် Dongmei လုပ်ငန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသော မလေးရှား ဒုဝန်ကြီးဟောင်း Mashitah Ibrahim။ Photo: Mashitah Ibrahim/Facebook

မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ လည်ပတ်တဲ့ လူကုန်ကူးဂိုဏ်းမှာ ပါဝင်ပတ်သက်မှုနဲ့ မလေးရှား ဒု-ဝန်ကြီးဟောင်း Datuk Mashitah Ibrahim ကို ရဲတပ်ဖွဲ့က စတင်စစ်ဆေးမေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁ ရက်က အတည်ပြုပြောကြားလိုက်ပါတယ်။

ရဲက ဒီအမှုကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

လာအိုနိုင်ငံမှာ မကြာခင်က ကျင်းပခဲ့တဲ့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ အစည်းအဝေးမှာ တက်ရောက်တဲ့ နိုင်ငံအားလုံးက လူမှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးကြောင်း ဝန်ကြီးက ပြောကြားတယ်လို့ MalayMail သတင်းက ဖော်ပြပါတယ်။

မလေးရှား ၂ဝဝ၇ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို တရားမဝင် ခိုးသွင်းမှုတိုက်ဖျက်ရေး အက်ဥပဒေ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါး လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်းထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တာကို မလေးရှားရဲက တားဆီးမှာဖြစ်ပြီး ပါဝင်ပတ်သက်တာကို အတည်ပြုနိုင်ရင် ဥပဒေအတိုင်း စစ်ဆေးစုံစမ်းတယ်လို့လည်း ဆိုပါတယ်။

မလေးရှား နိုင်ငံတကာ လူသားချင်းစာနာရေးအဖွဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ ဒု-ဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်းတို့ မြန်မာနိုင်ငံက လူကုန်ကူးမှုအဖွဲ့နဲ့ ဆက်စပ်နေတာကို စုံစမ်းစစ်ဆေးပေးဖို့လည်းအစီရင်ခံစာမှာ မေတ္တာရပ်ခံထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org