မြန်မာစစ်တပ်ကိုဖိအားပေးဖို့ အာဆီယံကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မလေးရှားဝန်ကြီးချုပ်က… စစ်တပ်အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာပြည် တည်ငြိမ်ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်။ Photo: Reuters

မြန်မာစစ်ကောင်စီက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာ အဆုံးသတ်အောင် ဖိအားပေးရေး အစီအမံသစ်တွေ ချမှတ်ဆောင်ရွက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim) က တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံကို နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်သည်ကြီးများအသင်းနဲ့ ဖေဖော်ဝါရီ ၁၀ ရက် သောကြာနေ့က တွေ့ဆုံချိန်မှာ အခုလို ပြောလိုက်တာပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ သတ္တိရှိရှိလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မလေးရှားဝန်ကြီးချုပ်က… စစ်တပ်အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာပြည် တည်ငြိမ်ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးဟာ ဒေသတွင်းနိုင်ငံတွေမှာပါ ရိုက်ခတ်မှုတွေရှိနေတဲ့အတွက် အာဆီယံအနေနဲ့ တညီတညွတ်တည်း တုံ့ပြန်ဆောင်ရွက်ဖို့လည်း ပြောခဲ့ပါတယ်။

အန်ဝါ အီဗရာဟင်ဟာ မလေးရှားဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်တာဝန်ယူခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org