မလေးရှားမှာ သီတင်းတစ်ပတ် အတွင်း မြန်မာနိုင်ငံသား ၄ ဦး သတ်ဖြတ်ခံရ
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန် မာနိုင်ငံသား ၂ဦး ဇူလိုင်လ ၉ရက်နေ့ တစ်ရက်ထဲမှာ အသတ်ခံရပြီး ဇူလိုင်လ ပထမအပတ်အတွင်း အသတ်ခံရသူစုစုပေါင်း လေးဦးရှိသွားပြီလို့ မလေးရှား မှာ နေထိုင်သူ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
-
2014-07-10 -
-
-
Your browser doesn’t support HTML5 audio
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂ဦး ဇူလိုင်လ ၉ရက်နေ့ တစ်ရက်ထဲမှာ အသတ်ခံရပြီး ဇူလိုင် လ ပထမအပတ်အတွင်း အသတ်ခံရသူ စုစုပေါင်း လေး ဦးရှိသွားပြီလို့ မလေးရှားမှာ နေထိုင်သူ မြန်မာနိုင်ငံ သားတွေက ပြောပါတယ်။
အသတ်ခံရသူ မြန်မာနိုင်ငံသားတွေဟာ ပီနန်းမြို့မှာ တစ်ဦး၊ ဘာဒါဝက်မှာ ၂ ဦးနဲ့ ကွာလာလန်ပူမြို့ မှာ တစ်ဦး စုစုပေါင်း ၄ဦးဖြစ်ပါတယ်။ သေဆုံးသူတွေကို ဆိုင်ကယ်စီးလူအုပ်စုက သတ်ဖြတ်သွားတာ ဖြစ်ပြီး တရားခံတစ်ဦးတစ်ယောက်မှ ဖမ်းမိသေးခြင်းမရှိဘူးလို့ သိရပါတယ်။ ကွာလာလန်ပူမြို့မှာ မနေ့က ည၈နာရီခန့်က အသတ်ခံရသူ ဦးမျိုးပိုင်ဟာ ကွာလာလန်ပူနာရေးကူညီမူ အသင်းကဖြစ်ပြီး နေထိုင်ရာ အိမ်ရှေ့ထမင်းဆိုင်က အထွက် လမ်းမပေါ်မှာ ဆိုင်ကယ်စီးလူအုပ်စုက ဓါးနဲ့ ထိုးသတ်သွားတာဖြစ်ပါတယ်။ ဦးမျိုးပိုင်ရဲ့သားဖြစ်သူ ကိုရဲထွဋ်ပိုင်က ခုလိုပြောပါတယ်။
"ကားလမ်းမကိုကူလိုက်တဲ့အခါမှာ အဲ့ဒီကုလားဆိုင် ကလူတွေက ကျနော်တို့နဲ့ နေတာကြာပြီဖြစ်တဲ့အတွက် သိနေတယ်၊ လူတွေအကုန်လုံးက ကျနော်ကို ဝိုင်း ကြည့်နေကြတယ်၊ ဝိုင်းကြည့်နေတော့ ကျနော်က ဘာဖြစ်လဲမသိဘူးပေါ့ အဲ့ဒီက ရှေ့ဆက်သွားတဲ့အခါမှာ ဘဘအဖိုးကြီးတစ်ယောက်ကနေပြီးတော့ ကျနော်ကို ညီလေးစိတ်ထိန်း ဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီး ရှေ့ဆက်သွားတဲ့အခါမှာ အဖေ့အလောင်းကို တွေ့ရတာပဲ၊ ကျနော်လည်း ပူထူနေတာနဲ့ပဲ ကျနော်လည်း မမေးဖြစ်ဘူး ဒါပေမဲ့ ရဲတွေကိုမေးတဲ့အခါမှာလည်း တစ်ယောက်မှ သေသေချာချာ မသိကြဘူးခင်ဗျ ဒါပေမဲ့ ရဲတွေကောက်ချက်ချတာကတော့ တစ်ယောက်ထက်ပိုတဲ့ လူစုပေါ့နော် တစ်ယောက်ဆိုတာ နှစ်ယောက် သုံးယောက်ထက်ဖြစ်ရင်ဖြစ်မှာပေါ့လေ အဲ့လိုပေါ့ ရဲတွေကောက်ချက်ချတာပေါ့၊ အခုပဲ ရဲတွေ အဲ့ဒီကိစ္စကို လိုက်နေတာပဲ"
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံနေရတာနဲ့ပတ်သက်ပြီး သံရုံးအနေနဲ့ သက်ဆိုင်ရာ မလေးရှား အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံသားတချို့က သံရုံးကိုတောင်းဆိုတယ်လို့ သိရပါတယ်။ အခု အသတ်ခံရမူတွေနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး ပြဿနာများကြောင့် ဖြစ်ပျက်မှုတွေရှိနိုင်ပေမဲ့ အခုလို တစ်ပတ်အတွင်း အသတ်ခံရမှုတွေ များလာတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မူတွေရှိနိုင်တယ်လို့ မြန်မာနိုင်ငံသားတွေက ယူဆနေကြပါတယ်။
မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံးက ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး RFA ကဆက်သွယ် မေးမြန်းတဲ့အခါမှာ သံရုံးအနေနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ဆက်သွယ်ဆောင်ရွက်မူများ ပြုလုပ်နေသလို ဒီကနေ့မှာ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတယ်လို့ ကွာလာလမ်ပူမြို့က မြန်မာသံရုံးမှာ တာဝန်ကျတဲ့ အလုပ်သမား သံတမန်တဦးဖြစ်တဲ့ ဦးမင်းမင်းဝင်း ကပြောပါတယ်။
မလေးရှားနိုင်ငံက နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်တင်ပြချက်ကို နားဆင်နိုင်ပါတယ်။