မြန်မာအလုပ်သမားတွေကို ကူညီဖို့ မလေးပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြ

မလေးရှားနိုင်ငံမှာ လာရောက်အလုပ် လုပ်ကိုင်နေသူ မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာ မရရှိတာ၊ အထောက်အထား စာရွက်စာတမ်းတွေ အသိမ်းဆည်းခံရတာ စတဲ့ အနိုင်ကျင့်ခံနေရတာတွေ တိုးပွားများပြား လာနေတာကြောင့် ဒီကိစ္စတွေ ကူညီဖြေရှင်းပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း MTUC ခေါ် မလေးရှား အလုပ်သမားသမဂ္ဂကွန်ကရက်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာ မရရှိတာ၊ အထောက်အထား စာရွက်စာတမ်းတွေ အသိမ်းဆည်းခံရတာ စတဲ့ အနိုင်ကျင့်ခံနေရတာတွေ တိုးပွားများပြား လာနေတာကြောင့် ဒီကိစ္စတွေ ကူညီဖြေရှင်းပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန ကို တင်ပြထားကြောင်း MTUC ခေါ် မလေးရှား အလုပ်သမားသမဂ္ဂ ကွန်ကရက် က ပြောပါတယ်။

မလေးရှား အလုပ်သမားသမဂ္ဂ ကွန်ကရက် ဆီကို နောက်ဆုံးရောက်လာတဲ့အမှုက ဆွန်ဟုန်လီကုမ္ပဏီက မြန်မာအလုပ်သမားတွေ လုပ်ခ လစာမရတဲ့ကိစ္စ၊ ရပြန်ရင်လည်း စည်းကြပ်ခွန်ဖြတ်တောက်ခံရတဲ့ ကိစ္စ နဲ့ လုပ်ငန်းခွင်ထဲမှာ မတရား အဆက်ဆံခံရတဲ့ ကိစ္စ ဖြစ် ပါတယ်။

၁၉၅၅ အလုပ် သမားဥပဒေအရ အစိုးရရဲ့ခွင့်ပြုချက်မရဘဲ အလုပ်သမားတွေ ဆီက စည်းကြပ်ခွန် ဖြတ်တောက်ခွင့်မရှိဘူးလို့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွန်ဟုန်လီ ကုမ္ပဏီ က မြန်မာအလုပ်သမား (၆)ယောက်က အလုပ်ရှင်ဆီက မလေးရှား ရင်းဂစ်ငွေ သုံးသိန်းခွဲနီးပါး ရစရာရှိကြောင်း တောင်းခံခဲ့ကြပါတယ်။

ဒါ့ပြင် မြန်မာအလုပ်သမားတွေ ရဲ့ မှတ်ပုံတင် စတဲ့ အထောက်အထားတွေ နဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေမဲ့ ငွေကောက်ခံတာတွေရှိနေတယ်လို့ဆိုပါတယ်။

မလေးရှားက ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ဆောက်လုပ်ရေး နဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ တရားဝင် လာရောက်လုပ်ကိုင်နေကြပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားပေါင်း တရားဝင်ရော၊ တရားမဝင်ပါ သုံးသိန်းလောက်ရှိပြီး၊ ဒုက္ခသည် အဖြစ်ရောက်ရှိနေသူပေါင်း တစ်သိန်းလောက်ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org