သယံဇာတပစ္စည်း စီမံခန့်ခွဲမှု အခြေခံအဆင့်ပင် မမီသေး

မြန်မာနိုင်ငံဟာ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မရှိသေးဘူးလို့ Revenue Watch အဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မရှိသေးဘူးလို့ Revenue Watch အဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Revenue Watch ဟာ နိုင်ငံတွေရဲ့ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ဓါတ်သတ္တုတွေကို နိုင်ငံသားတွေအကျိုးအတွက် ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာန်ခံမှုရှိရှိဆောင်ရွက်ရေး မြှင့်တင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ဒီနှစ် ၂၁၃ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုညွှန်းကိန်းမှာ နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် မြန်မာနိုင်ငံဟာ စာရင်းရဲ့အောက်ဆုံး ၅၈ နေရာမှာရှိနေပါတယ်။

စာရင်းမှာ နော်ေ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဘရာဇီး၊ မက်ဆီကို၊ ကနေဒါစတဲ့ နိုင်ငံ ၁၁ နိုင်ငံသာ အမှတ် ၇ ကျော်နဲ့ စာရင်းရဲ့ထိပ်ပိုင်းမှာရှိနေပါတယ်။ နိုင်ငံ ၃၂ နိုင်ငံကတော့ အမှတ် ၃ အောက်သာရရှိကြပြီး၊ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မပြည့်မီသေးဘဲရှိနေပါတယ်။ အဲဒီထဲမှာ ကမ္ဘောဒီးယား၊ အီရန်၊ ကာတာ၊ လစ်ဗျား၊ ဂီနိ၊ တာ့မင်နီစတန်တို့ ပါင်ကြပြီး မြန်မာက အဲဒီနိုင်ငံတွေရဲ့ အောက်နောက်ဆုံး နံပါတ် ၅၈ နေရာမှာရှိနေပါတယ်။

မြန်မာအပါအင် အမှတ် ၃ မပြည့်မီတဲ့ နိုင်ငံတွေဟာ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မရှိပေမဲ့၊ သဘာသယံဇာတအပေါ် အလွန်အမင်းမှီခိုနေကြရတဲ့ နိုင်ငံတွေဖြစ်တယ်လို့ Revenue Watch အဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org