မန္တလေးမှာ ရေဘေးကြောင့် လူ ခြောက်ထောင်ကျော် နေ ရာပြောင်းရွှေ့ထားရ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြ ရည်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့မှာ မိုးများပြီးရေ ကြီးတာကြောင့် လူဦးရေ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေ ထိုင်နေရပါတယ်။

မန္တလေးမြို့က ရေဘေးဒုက္ခသည်တွေကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ် Photo: Hset Paing Toe/ RFA

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြရည်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့မှာ မိုးများပြီးရေကြီးတာကြောင့် လူဦးရေ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းတွေ မှာ ပြောင်းရွှေ့နေ ထိုင်နေရပါတယ်။

မနေ့ညကစပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတာဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

"မနေ့ညကတည်းက ကျနော်တို့ ကယ်ဆယ်ရေးစခန်းလေးတွေဖွင့်ပြီးတော့မှ ပြောင်းရွှေ့တာတွေ လုပ်ထားပေးပါတယ်၊ အိမ်ရှိလူသုံးကုန်ပစ္စည်းတွေ တော်တော်များများမြုပ်သွားတယ်၊ မသယ်နိုင်ဘူးပေါ့ လူပဲလွတ်အောင် သွားရတာဆိုတော့ ကယ်ဆယ်ရေးစခန်းကို၊ ဘယ်လောက်အထိ အများဆုံးမြုပ်လဲ ဆိုတော့ ကျနော်ကိုယ်တိုင် ဆင်းခဲ့တဲ့နေရာက ကျနော့်ပေါင်အထိ မြုပ်သွားတာ၊ အိမ်ထဲဆက်ဝင်ရင် အိမ်ထဲကမိသားစုတွေက ရင်ခေါင်း အထိရောက်နေတယ် ရေက၊ အိမ် ၂ ထပ်ဆိုရင် အောက်ထပ်မြုပ် ပါတယ်"

လက်ရှိ အောင်ပင်လယ်၊ ကန်သာယာနဲ့ အမှတ် ၄ ရပ်ကွက်တို့က ဓမ္မာရုံ၊ ဘုရားဝင်း၊ စာသင်ကျောင်းနဲ့ ဘူတာရုံတွေမှာ ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထား ပြီး ရေဘေးဒုက္ခသည်တွေကို နေရာချထားပေးပါတယ်။

ဓမ္မာရုံတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ထပ်တိုးဖွင့်လှစ်ဖို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးနေ ကြပါတယ်။

ရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးများတဲ့အခါ ရေကြီးတာဖြစ်ပြီး လယ်ကွက်တွေအတွက် သိုလှောင်ထား တဲ့ ရေတွေ လျှံကျတာကြောင့်လည်း ရပ်ကွက် အတွင်းက နေအိမ်တွေထဲကို ရေဝင်ရောက်မှုများခဲ့တာဖြစ်တယ်လို့ ဦးမြင့်အောင်မိုး က ပြောပါတယ်။

လက်ရှိ ရေဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အလှူငွေတွေကောက်ခံနေပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဆီကနေ အကူအညီရရှိဖို့တောင်းခံ ထားပါတယ်။

ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org