ထောင်ဒဏ်နှစ်ရှည်ချမှု မန္တလေးသတင်းသမားများ ဆန္ဒပြ

သတင်းသမားတွေကို ထောင်ဒဏ်နှစ် ရှည်တွေ ချမှတ်ထားတာနဲ့ ဖမ်းဆီးထား တာတွေကို ကန့်ကွက်ကြတဲ့ သတင်းသမား ၅၀ လောက်ဟာ ဒီနေ့ မန္တလေးမြို့ မနော်ရမ္မာန်ဥယျာဉ်ထဲ က ဟစ်တိုင်ကွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

သတင်းထောက်တွေကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ထားတာနဲ့ ဖမ်းဆီးထားတာတွေကို ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင်လ ၂၀ ရက်နေ့က မန္တလေးမြို့မှာ သတင်းသမားတွေ ဆန္ဒပြစဉ် Photo: Hset Paing Toe/ RFA

သတင်းသမားတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ် ထားတာနဲ့ ဖမ်းဆီးထားတာတွေကို ကန့်ကွက်ကြတဲ့ သတင်းသမား ၅၀ လောက်ဟာ ဒီနေ့ မန္တလေးမြို့ မနော်ရမ္မာန်ဥယျာဉ်ထဲက ဟစ်တိုင်ကွင်းမှာ ဆန္ဒပြ ခဲ့ကြပါတယ်။

မီဒီယာအပေါ် ဖိနှိပ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် မဏ္ဍိုင် ကြီးလေးရပ်ကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ် လာနိုင်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မန္တလေးခေတ် သတင်းဂျာနယ် ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးမင်းဒင် က ပြောပါတယ်။

သတင်းသမားတွေဟာ နှစ်နာရီကြာ ဆန္ဒပြခဲ့ကြပြီး ကင်မရာကို ပစ်ခွဲတာတွေ၊ လက်နဲ့ခန္ဓာကိုယ်ကို သံကြိုးတွေနဲ့ တုတ်ချည်ထားတာတွေအပြင် ပါးစပ် ကိုလည်း တိတ်အနက်နဲ့ ကြက်ခြေခတ် ပိတ်ထား တာမျိုးတွေနဲ့ပါ သရုပ်ဖော်ခဲ့ကြပါတယ်။

ယူနတီဂျာနယ်က သတင်းထောက်တွေကို အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးဖို့ကို လည်း တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင်ပြီး နိုင်ငံတော်သမ္မတကို ဆန္ဒပြခဲ့တဲ့ သတင်းသမားတွေကို တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကိုလည်း ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးခေတ် သတင်းဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် ဦးမင်းဒင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org